DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ
DVB
·
April 22, 2014
ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင် ၀တ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

557000004607502နယ်မြေထဲကို တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာဖို့ရှိတယ်လို့ ကြိုတင်သတင်းရထားချက်အရ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ဝင် နဲ့  နယ်မြေအထူးလုံခြုံရေး တပ်ဖွဲ့တို့  ပူးပေါင်းပြီး စောင့်ကြပ် စစ်ဆေးရာ မှာ ဧပြီ ၂၁ ရက်နေ့ ည ၉ နာ ရီအချိန်လောက်က  မှန်လုံကားအဖြူရောင် ၂ စီးပေါ်ပါလာတဲ့သူတို့ကို မဲဆောက်မြို့နယ် မယ်ပ ရပ်ကွက် ဘန့်ဟွေ့ ဟင်ဖွန်ဂိတ်မှာ ဖမ်းမိခဲ့တာလို့ တာ့ခရိုင်ရဲမှူး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းထောက်တွေ ကို ပြောပါတယ်။

စစ်ဆေးချက်အရ သူတို့တတွေကို ထိုင်းသံဃာ ၂ ပါးက ဦးဆောင်ခေါ်ခဲ့တာဖြစ်ပြီး  ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင် ကျောင်းတိုက်က ဆင်းတုတော်ပူဇော်ပွဲကို သွားဖို့ဖြစ်ကြောင်း ၊ ဒါပေမယ့်  ကားပေါ်ပါ လာတဲ့ ၀တ်ဖြူစင်ကြယ်အားလုံး ( ကျား ၁၈ ဦး နဲ့ မ ၁၂ ဦး ) လုံး ဘာတရားဝင် အထောက်အထားမှ မရှိတဲ့အတွက်  ထိုင်းသံဃာ ၂ ပါး၊ ထိုင်းကားသမား ၂ ဦးနဲ့ သူတို့အားလုံးကို လိုအပ်သလိုအရေးယူဖို့ တာ့ခ်ခရိုင် လ၀ကရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  ရဲမှူးက ဆက်ပြောပါတယ်။

ကားသမားရဲ့ ထွက်ဆိုချက်အရ သူတို့တွေကို ဖုတ်ဖရမြို့နယ် ဝေါလေရွာမှာ သွားကြိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့  ခေါဝ်ကယောက်ကျောင်းတိုက်မှာ တနေ့ကို ဘတ် ၂၀၀ နဲ့ ခြံအလုပ်သမား အဖြစ် ခေါ်သွားဖို့ဖြစ်ကြောင်း ၊ စစ်ဆေးရေးဂိတ်တွေမှာ အလွယ်တကူဖြတ်ကျော်နိုင်ဖို့ အသင့်ယူသွားတဲ့ ၀တ်စုံဖြူတွေ ၀တ်ဆင်စေပြီး အမျိုးသားတချို့က မြန်မာဘုန်းကြီးဖြစ်ကာ ထိုင်းဝတ်စုံနဲ့ မတူမှာစိုးလို့ သင်္ကန်းကနေ ၀တ်စုံဖြူကို လဲလှယ်ဝတ်ဆင်စေခဲ့တယ်လို့ ပြောပါတယ်။

ဒီမတိုင်ခင်က ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင်ကျောင်းတိုက်မှာ ဧပြီလ ၂၂ ရက်နေ့ကျရင် ကမ္ဘာမြေထိန်းသိမ်းရေး ပွဲတော် ကျင်းပဖို့ ကြေညာထားခဲ့ကြောင်း ၊ ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတိုက်ပေါင်း ၃ သောင်းက ဘုရား ဆင်းတုတော် အဆူပေါင်း ၁ သိန်း ပင့်ဆောင်ပူဇော်ဖို့ရှိကြောင်း ကြေညာထားခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013