DVB Logo
Home
မြန်မာသတင်း
အမေရိကန်၌ကျင်းပသည့် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲတွင် ‌ဒေါ်လာ ၄၀,၀၀၀ ခန့်ရရှိ
DVB
·
September 5, 2022
အမေရိကန်၌ကျင်းပသည့် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲတွင် ‌ဒေါ်လာ ၄၀,၀၀၀ ခန့်ရရှိ
1 / 8
Donate to DVB

နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့မှာရှိတဲ့ ဘုရားကျောင်းမှာ Women for Myanmar,  D.C Area အဖွဲ့ရဲ့  ဦးဆောင်မှုနဲ့ စက်တင်ဘာ ၄ ရက်က ကျင်းပခဲ့ရာမှာ  ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ လောက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲကို တိုင်းရင်းသားပေါင်းစုံလူပေါင်း ၈၀၀ လောက်လာရောက်ခဲ့ကြပြီး မြန်မာအစားအစာ အစုံအအလင်နဲ့ တိုင်းရင်းသားဝတ်စုံတွေကိုရောင်းချခဲ့ကြပါတယ်။ ဒီပွဲမှာ တခြားပြည်နယ်တွေမှာ နေထိုင်တဲ့အမေရိကန်ရောက်မြန်မာတွေလည်း လာရောက်ခဲ့ကြပြီး  အိပန်ဆယ်လိုလည်း တက်ရောက်စကားပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီရန်ပုံငွေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကား၊  ဆရာဦးဝင်းဖေရဲ့ အနှစ် ၂၀ သက်တမ်းရှိ ဆေးရေးပန်းချီကားတွေနဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကိုလည်း လေလံတင် ရောင်းချခဲ့ပါသေးတယ်။

ဒီပွဲကနေရရှိတဲ့ ရန်ပုံငွေတွေကို စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ PDF အတွက် လှူဒါန်းသွားမယ်လို့  Women For Myanmar ပွဲစီစဉ်သူ မမိုးမိုးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013