DVB Logo
Home
မြန်မာသတင်း
တနင်္သာရီစစ်ဒေသခွဲ PDF စခန်းတခုတွင် ၈၀ မမ လက်နက်ကြီး ထုတ်လုပ်အောင်မြင်
DVB
·
September 4, 2022
တနင်္သာရီစစ်ဒေသခွဲ PDF စခန်းတခုတွင်  ၈၀ မမ လက်နက်ကြီး ထုတ်လုပ်အောင်မြင်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တပ်ရင်း ၂ ၊ T3 ဇုန်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စခန်းတခုကနေ ၈၀ မမ လက်နက်ကြီးကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ထုတ်လုပ်မှု တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီး စမ်းသပ်ထုတ်လုပ်မှုကို ဇူလိုင် ၂၄ ရက်က စတင်ခဲ့တာဖြစ်ပြီး တလကျော်အကြာ စက်တင်ဘာ ၁ ရက်မှာ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တာလို့သိရပါတယ်။

လက်ရှိမှာတော့ ၈၀ မမ ဗုံးသီးအသုံးပြုပစ်ခတ်နိုင်တဲ့ လက်နက်ကြီး နှစ်လက်နဲ့ ဗုံးသီး အလုံး ၂၀ လောက် ထုတ်လုပ်ထားနိုင်ပြီး လက်နက်တွေကို  ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ထုတ်လုပ်မှုတာဝန်ရှိ စစ်လက်နက်နဲ့ ချပ်ဝတ်တန်ဆာ ဌာနမှူး ကိုလင်းသစ်က DVB ကို ပြောပါတယ်။

အနီးဆုံး ကိုက် ၃၀၀ လောက်ကနေ အဝေးဆုံး ၃ မိုင်လောက်အထိ ပစ်ခတ်နိုင်တဲ့ အဲဒီလက်နက်ကြီးတွေဟာ ကိုက် ၅၀ ပတ်လည်လောက် ပေါက်ကွဲအားရှိပြီး ပိုကောင်းတဲ့ ခွဲယမ်းအမျိုးအစားတွေ သုံးနိုင်ရင်တော့ ရန်သူကို ပိုထိခိုက်စေနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။

တပ်ဖွဲ့ဝင်​တွေအနေနဲ့ စမ်းသပ်ထုတ်လုပ်တဲ့အချိန် ယမ်းမီးလောင်ရာကနေ နှစ်ခါ ထိခိုက် ဒဏ်ရာရခဲ့တာကလွဲလို့ တခြား ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။

အဲဒီလက်နက်ကြီး စမ်းသပ်ထုတ်လုပ်ဖို့အတွက် တခုကို ကုန်ကြမ်းပစ္စည်းဖိုး ကျပ်သိန်း ၁၂ဝ လောက်ကုန်ကျခဲ့ပြီး ယမ်းဖိုးပါဆို ငပ်သိန်း ၂၀၀ နီးပါး ကုန်ကျနိုင်တယ်လို့လည်း ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၂  ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့အောက်မှာရှိတဲ့ တပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ အခုနှစ် အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013