DVB Logo
Home
မြန်မာသတင်း
ထီးတန်းအိမ်ရာ တိုက် ၇ လွှာမှ အမျိုးသမီးတဦး ပြုတ်ကျ သေဆုံး
DVB
·
September 3, 2022
ထီးတန်းအိမ်ရာ တိုက် ၇ လွှာမှ အမျိုးသမီးတဦး ပြုတ်ကျ သေဆုံး
Donate to DVB

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း ထီးတန်းအိမ်ရာ  တိုက်ခုနစ်လွှာကနေ အသက် ၃၀ အရွယ် အမျိုးသမီးတယောက် စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းအစောပိုင်းက ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြုတ်ကျသေဆုံးသူ အမျိုးသမီးဟာ မနေ့ညပိုင်းက အရက်သေစာသောက်စားထားပြီး ရပ်ကွက်အတွင်း လျှောက်သွားနေတာကြောင့် သူနေထိုင်ရာတိုက်ကို လိုက်လံပို့ဆောင်ပေးရတယ်လို့ ကမ်းနားလမ်းနေသူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"ညအချိန်မတော်ကြီး လျှောက်သွားနေလို့ ရပ်ကွက်ကသူတွေတောင် လိုက်ပို့ပေးရသေးတယ်၊ မနက်ငါးနာရီလောက်မှာ တိုက်ပေါ်က ပြုတ်ကျပြီးသေတယ်လို့ကြားရတာပဲ။" 

ပြုတ်ကျသေဆုံးသူ အမျိုးသမီးရဲ့ Dade Body ကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ရောင်စဉ်မဲ့ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ဒီဗွီဘီ ကို ပြောပါတယ်။

"သူယောကျ်ားက ဖုန်းဆက်အကူအညီတောင်းလို့ ကျနော်တို့ Dade Body ကို သွားသယ်ပြီး ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်။ သေမှုသေခင်းဖွင့်ပြီး ရဲတွေက စစ်ဆေးနေပါတယ်" လို့ ရှင်းပြပါတယ်။

သေဆုံးသူအမျိုးသမီးမှာ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်ရှိပြီး လက်တလောမှာ  ကြည့်မြင်တိုင် မြို့မရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့ ထီးတန်းအိမ်ရာနေထိုင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013