DVB Logo
Home
မြန်မာသတင်း
PDF Kalay က PHO-Kalay ကျန်းမာရေးဌာနသို့ ဓာတ်မှန်စက်လှူဒါန်း
DVB
·
September 3, 2022
PDF Kalay က PHO-Kalay ကျန်းမာရေးဌာနသို့ ဓာတ်မှန်စက်လှူဒါန်း
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က People Health Organization - Kalay အတွက် လိုအေပ်နေတဲ့ ဓာတ်မှန်စက်ကို လှူဒါန်းခဲ့တယ်လို့ PHO-Kalay က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေး PDF တပ်ရင်း ၁ ရဲ့တာဝန်ခံ ကိုသူရိန်ဇင်က  "ပြည်သူလူထုရဲ့ စုပေါင်းလှူဒါန်းမှု နဲ့ ကလေး PDF က ကလေးပြည်သူ့ဆေးရုံရဲ့ လိုအပ်‌နေတဲ့ ဓာတ်မှန်စက်ကို လှူဒါန်းပေးခဲ့တာ" လို့ ပြောပါတယ်။

ကလေးပြည်သူ့ဆေးရုံရဲ့ တာဝန်ခံဆရာက‌ "အခုလို ဓာတ်မှန်စက်လှူဒါန်းတဲ့အတွက် ကုသရတဲ့ အပိုင်းမှာ အချိန်မကုန်စေဘဲ အဆင်ပြေစွာ သေချာတိတိကျကျ ကုသလို့ ရတယ်။ ရဲဘော်တွေ တိုက်ပွဲတွင်းမှာ ဒဏ်ရာရတဲ့အခါလည်း မမြင်ရတဲ့ အတွင်းပိုင်း‌‌နေရာ‌တွေကို ဓာတ်မှန် ရိုက်ကြည့်ပြီး ကုသရတော့ ပိုအဆင်ပြေသွားတယ်” လို့  ပြောပါတယ်။

ပြည်သူနဲ့ ရဲဘော်တွေအတွက် PHO - Kalay ရဲ့ လက်ရှိ လည်ပတ်နေတဲ့ ကျန်းမာရေးကဏ္ဍမှာ ဓာတ်မှန်စက်တလုံးထားရှိပေးထားပြီး အသုံးပြုနေတယ်လို့ ကလေးပြည်သူ့ ကျန်းမာရေးဌာနက အသိပေးထားပါတယ်။

ကလေးပြည်သူ့ဆေးရုံကို ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်က ကလေး PDF ရဲဘော်တွေ၊ CDM ဆရာဝန်‌တွေ၊ Medical အဖွဲ့တွေနဲ့ စုပေါင်းပြီး လွတ်မြောက်နယ်မြေတနေရာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013