DVB Logo
Home
သတင်းတို
၃ လအတွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီ ၉၀ နီးပါး တည်ထောင်
DVB
·
April 22, 2014
၃ လအတွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီ ၉၀ နီးပါး တည်ထောင်
Donate to DVB

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသည် ၀င်ရောက်မှု များလာတာနဲ့အတူ ခရီးသွားလုပ်ငန်း ၀န်ဆောင်မှုကုမ္ပဏီတွေ ထူထောင်မှု များလာပြီး ပြီးခဲ့တဲ့ ၃ လ အတွင်း ကုမ္ပဏီအသစ် ၉၀ နီးပါး ထပ်ပြီး ဖွင့်လှစ်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

IMG_0121zနှစ်စ ၃ လအတွင်း ခရီးသွားလုပ်ငန်း ၀န်ဆောင်မှုကုမ္ပဏီ ၉၀ နီးပါး တိုးလာတဲ့အတွက် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ စုစုပေါင်း ၁၄၀၀ ကျော် အထိ ရောက်လာပါတယ်။

အခု အသစ်ထပ်ဖွင့်တဲ့ ကုမ္ပဏီ ၉၀ ကျော်မှာ နိုင်ငံခြားကုမ္ပဏီ ၁ ခု၊ ဖက်စပ်ကုမ္ပဏီ ၄ ခုနဲ့ ကျန်တာတွေကတော့ နိုင်ငံသားပိုင် ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ အတွင်း နိုင်ငံခြားသား ခရီးသည် ၂ သန်း နီးပါး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၃ သန်းနီးပါး ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013