DVB Logo
Home
မြန်မာသတင်း
ဧပြီ ၂၃ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
April 22, 2014
ဧပြီ ၂၃ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB
ဧပြီ ၂၂ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းစွန်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

Slide10ဧပြီ ၂၃ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက် ကတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအနည်း ငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင် ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ဖြစ်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၁ ကနေ အောက်ဘက်ထိ ကျဆင်းခြင်း မရှိနိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကောသောင်းမြို့ဟာ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံး ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄ ဒသာမ ၅ အထိ မြင့်တက်နိုင်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာကတော့ ခရမ်းလွန်ရောင်ခြည်အနည်းဆုံး ဖြစ်ပြီး ၁၂ ဒသာမ ၃ အထိ ရှိနိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ အညွန်းကိန်းတန်ဖိုး ၁၃ ကျော်တဲ့အထိ ရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုကာကွယ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၃ ဒီဂရီစင်တီဂရိတ် ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ် အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းတို့မှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။

ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများ အားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန် ခန့်မှန်းချက်ကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္လာရီတိုင်း ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၁  ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013