DVB Logo
Home
မြန်မာသတင်း
မှော်ဘီရဲစခန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
September 1, 2022
မှော်ဘီရဲစခန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ မြို့မရဲစခန်းကို ဩဂုတ် ၃၁ ရက် ည ၇ နာရီလောက်က ‘ဒေါင်းအလံလွှင့်’ စစ်ဆင်ရေးအမည်နဲ့ မှော်ဘီအခြေစိုက် Guardians UG အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ အားနည်းတဲ့ အချိတ်အဆက်တွေ အထိနာဖို့အတွက် ရရင်ရသလို လျှပ်တပြက် ပြောက်ကျားဝင်တိုက်ခိုက်မှာဖြစ်ပြီး မှော်ဘီအခြေစိုက် Guardians UG အဖွဲ့ဟာ ပြည်သူတွေနဲ့အတူ ပြတ်သားစွာရပ်တည်ကာ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး မှော်ဘီရဲစခန်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေ ကို မသိရသေးဘူးလို့ Guardians UG အဖွဲ့ တာဝန်ခံ အဲမွန်ဒရာဂွန်က ဆိုပါတယ်။

မှော်ဘီရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့မှု ဖြစ်စဉ်အတွင်း ဗုံးပေါက်ကွဲသံ ကြားရပြီးနောက် အရေး‌ပေါ်လူနာတင်ယာဉ်တွေ ရောက်ရှိလာတယ်လို့ ရဲစခန်းအနီး ပတ်ဝန်းကျင် နေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆက်လက်ပြီး ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ အကြမ်းဖက်အားပေးနေတဲ့ စစ်တပ်လက်ပါးစေတွေကို တိုက်ခိုက်ဖို့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေမှာ မဟာမိတ်အချင်းချင်း ချိတ်ဆက်ပူးပေါင်းပြီး စစ်ဆင်ရေးတွေပြုလုပ်တာ၊ အဖွဲ့ဝင်အချင်းချင်း ဖေးမကူညီပြီး စစ်အာဏာရှင်ကို လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ Guardians UG အဖွဲ့ တာဝန်ခံ အဲမွန်ဒရာဂွန်က ပြောပါတယ်။

ဩဂုတ် ၂၆ ရက် ည ၉ နာရီလောက်ကလည်း လုံခြုံရေးရယူထားတဲ့ မှော်ဘီ အမှတ် ၄ လမ်းဆုံအနီးက စစ်ကောင်စီလုံခြုံရေးဂိတ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Guardians UG အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013