DVB Logo
Home
မြန်မာသတင်း
ဆန် ၁ ပြည် ကျပ် ၁၀၀ ဈေးနှုန်းဖြင့် သာကေတ JP Star ဆိုင်က ရောင်းချပေး
DVB
·
September 1, 2022
ဆန် ၁ ပြည် ကျပ် ၁၀၀ ဈေးနှုန်းဖြင့် သာကေတ JP Star ဆိုင်က ရောင်းချပေး
Donate to DVB

ရန်ကုန်၊ သာကေတမြို့နယ်မှာရှိတဲ့  JP Star ဘေထုပ်လက်ကားဖြန့်ချိရေးဆိုင်က ဆန်တပြည်ကို ကျပ် ၁၀၀ ဈေးနဲ့  စက်တင်ဘာ ၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ ထပ်မံရောင်းချပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ JP Star ဘေထုပ် လက်ကားဖြန့်ချိရေးဆိုင်ကနေ  ဆန်တစ်ပြည် ကျပ် ၁၀၀ ၊  ကြက်ဥ ၁၀ လုံးကို ကျပ် ၁၀၀ နှုန်းနဲ့  မနေ့က ရောင်းချပေးခဲ့ရာ မရရှိသူတွေအတွက် ဒီကနေ့ မနက်ပိုင်းမှာ လူဦးရေ ၅၀၀ စာ ထပ်မံရောင်းချပေးတာလို့  သာကေတမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

“မနေ့က မရလိုက်တဲ့သူတွေအတွက် ထပ်ရောင်းပေးတာ။ မနေ့ကလည်း လူတထောင်လောက် ရှိတယ်။ မရှိတဲ့သူတွေဆို မိသားစုလိုက် လာတိုးတာ။ သုံးဦးလာတော့ သုံးပြည်ရမယ်။ အဲဒီလိုပုံစံမျိုးနဲ့ လာဝယ်ကြတာ။”

လာရောက်တန်းစီဝယ်ယူသူတွေဟာ သာကေတမြို့ခံတွေအပြင် သန်လျင်၊ ဒေါပုံနဲ့ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းမြို့နယ်ကပြည်သူတွေလည်း လာရောက်ဝယ်ယူကြတယ်လို့ JP Star ဘေထုပ်လက်က္ကားဖြန့်ချိရေးဆိုင်မှ တာဝန်ခံက ပြောပါတယ်။

“မနေ့က မရတဲ့သူတွေကို ကတ်လေးတွေပေးပြီး ဒီနေ့ ထပ်လှူဖြစ်တာ။ မနေ့ကလည်း လူတထောင်လောက် လာဝယ်ကြတယ်။ ထပ်လှူဖို့လည်း အစီအစဥ်ရှိတယ်။”

စားရေး၊ နေရေး ခက်ခဲနေတဲ့သူတွေကို သြဂုတ် ၂၈ ရက် ညနေပိုင်းကလည်း ဆန် (သို့) ပဲ ဘာပဲယူယူ ကျပ် ၁၀၀ ဈေးနှုန်းနဲ့  May Yu Mark က ရောင်းချခဲ့ပါသေးတယ်။

ဒါ့အပြင် သြဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးရှိ Aladdin Men Fashion ဆိုင်မှာ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ တကတ်ကို  ၁၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပါသေးတယ်။

လတ်တလောမှာ ဒေါပုံမြို့နယ်ထဲက ရပ်ကွက်တွေကို နွယ်အေးစွန္နီဂျာမေဗလီက  ကြက်ဥ ၆ လုံးကို ကျပ် ၁၀၀ ဈေးနဲ့ အပတ်စဥ်ရောင်းချပေးနေတာလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အလုပ်ကိုင်အခွင့်အလမ်း ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာတာကြောင့် လုပ်ငန်းရှင်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ပြည်သူတွေကို ကူညီတဲ့အနေနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013