DVB Logo
Home
Lead Story
မြန်မာနိုင်ငံတွင် ၄ လအတွင်း အပူချိန် အမြင့်ဆုံးဖြစ်
DVB
·
April 22, 2014
မြန်မာနိုင်ငံတွင် ၄ လအတွင်း အပူချိန် အမြင့်ဆုံးဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ပထမ ၄ လပတ်အတွင်း ဒီနေ့ အပူချိန် အမြင့်ဆုံး ဖြစ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

Slide4ဧပြီ ၂၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ဒေသတွင် အပူချိန်မြင့်တက်ရာမှ
တောမီးလောင်ကျွမ်းခဲ့ကာ အနီးအနားကျေးရွာတရွာရှိ ဆီစက်နဲ့ သစ်စက်များကို ကူးစက် လောင်ကျွမ်း မှု ဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၂၂ ရက်နေ့ကို မြေကမ္ဘာနေ့ (Earth Day) အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာ တော့ ဒီနေ့ဟာ အပူဆုံးနေ့ ဖြစ်လာနိုင်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။

ဦးထွန်းလွင်ရဲ့ အဆိုအရ ဒီနေ့မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွေမှာ အပူချိန် ၄၄ ဒီဂရီအထိ အမြင့်ဆုံးရှိနိုင်ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာ အပူချိန် ၄၃ ဒီဂရီ၊ ပဲခူးတိုင်းဒေသကြီးမှာ အပူချိန် ၄၁ ဒီဂရီ၊ ရန်ကုန်တိုင်းဒေသမှာတော့ ၃၉ ဒီဂရီနဲ့ ကျန်ဒေသတွေမှာလည်း အပူချိန် ၃၄ ဒီဂရီအထက်မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013