DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်က ထွန်တုန်းတိုက်ပွဲဝင် လယ်သမား ၁၉ ဦး တရားစွဲခံရ
DVB
·
April 21, 2014
မတ္တရာမြို့နယ်က ထွန်တုန်းတိုက်ပွဲဝင် လယ်သမား ၁၉ ဦး တရားစွဲခံရ
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာနဲ့ ကျောက်စရစ်ကျေးရွာအုပ်စုက လယ်သမား ၂၀ နီးပါးဟာ အသိမ်းခံထားရတဲ့ သူတို့လယ်ထဲ ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြလို့ တရားစွဲခံကြရပါတယ်။

[caption id="attachment_55190" align="alignleft" width="300"]လယ်သမားများ ဆန္ဒထုတ်ဖော်ခဲ့စဉ်က ဓာတ်ပုံ - မြန်မာဓိက လယ်သမားများ ဆန္ဒထုတ်ဖော်ခဲ့စဉ်က ဓာတ်ပုံ - မြန်မာဓိက[/caption]

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျောက်စရစ် နဲ့ ရေနံ့သာ ကျေးရွာအုပ်စုက သိမ်းဆည်းခံ လယ်မြေတွေပေါ်မှာ မတ်လဆန်းက  ထွန်ယက်စိုက်ပျိုး တဲ့ တောင်သူတွေကို  သမ၀ါယမနဲ့ ရဲက  တရားစွဲတာဖြစ်ပါတယ်။

ကျောက်စရစ် နဲ့ ရေနံ့သာ ကျေးရွာအုပ်စု က တောင်သူ ၉၆ ယောက်ရဲ့ လယ်မြေဧက  ၆၀၀ ကျော်ကို လွန်ခဲ့တဲ့ ၂၈ နှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထဲက သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

သိမ်းဆည်းပြီး သမ၀ါယမလုပ်ငန်းဆိုပြီး တခြားလယ်သမားတွေကို သီးစားနဲ့ ပြန်လည်ချ ပေးလုပ်ကိုင်စေခဲ့ပါတယ်။ ဒါကို မူလလက်ငုတ်တောင်သူတွေက ၂၀၁၄ ခုလဆန်းပိုင်းကစလို့ မိမိလယ်မြေပြန်လည်ရရှိရေး စာတင်တောင်းဆိုသလို၊ ဆန္ဒ ထုတ်ဖော်တောင်းဆိုခဲ့ပေမယ့် တစုံတရာ အရေးယူဆောင်ရွက်မှုရှိတဲ့အတွက် မတ်လ ၁ ရက်နေ့မှာ ထွန်တုန်းတိုက်ပွဲဝင်ခဲ့တာလို့ လယ်သမား ဦးနေ၀င်းက ပြောပါတယ်။

ထွန်တုံးတိုက်ပွဲဝင်တဲ့ လယ်သမားတွေထဲက ၁၉ ဦးကို မတ္တရာမြို့နယ် ရေနံ့သာ ရဲစခန်းကနေပြီး ပိုင်နက်ကျူးကျော်မှု နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စီတန်းလှည့်လည်ခွင့်ပုဒ်မ တွေနဲ့ တရားစွဲဆိုထားပါတယ်။

အဲဒီထဲက ၄ ဦးကို  နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားသလို ၂ ဦးကို ဖမ်းဆီးပြီး အိုးဘိုထောင်မှာ ဖမ်းထားတယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မိ​တ္ထီ​လာ​ပြည်​သူ့အ​ကျိုး​ဆောင်​ကွန်​ရက်​အဖွဲ့ဝင် ​ဒေါ်​မြ​င့်​မြ​င့်​အေးက ပြောပါတယ်။

ဒီလယ်သမား ၁၉ ဦးလုံးကို ဧပြီလ ၂၂ ရက်နေ့မှာ ရုံးချိန်းထားပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုစွဲပြီး အဖမ်းမခံရသေးတဲ့သူတွေလည်း ဖမ်းဆီးခံရဖို့ ရှိတယ်လို့ ပြောပါတယ်။

ဒီလယ်သမားတွေတွေအတွက် အထက်ဗမာ ပြည်ရှေ့နေများကွန်ရက်အဖွဲ့ကနေပြီး လိုက်ပါဆောင်ရွက်ပေးတယ်လို့လည်း ပြောပါတယ်။

ရေနံ့သာကျေးရွာမှာ အလားတူ အနာကြီးရောဂါ အထူးကုဆေးရုံကြီးက သိမ်းထားတဲ့ လယ်မြေတွေထဲက ဧက ၈၀ လောက်မှာ လယ်သမား အတော်များများက ၀င်ရောက် ထွန်ယက်ခဲ့တဲ့အတွကလည်း လယ်သမားတချို့ တရားစွဲဆိုခံရမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီဖမ်းဆီးအရေးယူမှုနဲ့ပတ်သက်ပြီးတော့ ရေနံသာရဲစခန်းကို ဆက်သွယ်လို့ မရသေးပါဘူး။

အစိုးရ၊ စစ်တပ်နဲ့ ကုမ္ပဏီတွေက တနိုင်ငံလုံးအနှံ့ သိမ်းထားတဲ့ လယ်မြေတွေ ၂၀၁၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထားပြီး အပြီးအပြတ် ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013