DVB Logo
Home
Lead Story
သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် အမြင်သဘောထားများ (၂)
DVB
·
April 21, 2014
သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် အမြင်သဘောထားများ (၂)
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် (အသက်-၈၅ နှစ်) ဟာ ဒီကနေ့မနက် ၆ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန်ပါတယ်။

10171181_4264786796100_7084265794093037737_nဦးဝင်းတင်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တက်ရောက်ကုသနေ တာဖြစ်ပြီး အထူးစိုးရိမ်ရလို့ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ  ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတဲ့ အပေါ် နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့၊ စာရေးဆရာတွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဒေါ်ကြည်ဖြူသျှင် (ရုပ်ရှင်ဒါရိုက်တာ၊ အန်အယ်လ်ဒီပါတီဝင်)

“ဘဘဆုံးရှုံးမှုက အစ်မတို့ အန်အယ်လ်ဒီပါတီအတွက်ရော၊ စာပေလောကအတွက်ရောနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်ရော အများကြီး နစ်နာပါတယ်။ ဘဘ သက်ရှိထင်ရှား ရှိစဉ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေအတွက်ကို ပညာသင်ကြေး ထောက်ပံ့မှုတွေနောက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုတွေ အများကြီး သူက ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘဘ မရှိတောတဲ့အခါ ဘဘကြောင့် အများကြီး ဒုက္ခတွေငြိမ်းရတဲ့ သူတွေအတွက် ရှေ့ဆက်ဘယ်လိုဖြစ်မလဲဆိုတာ ကျမတို့ နောက်တဆင့် ပူပန်ရပါတယ်။”

 ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်)

“ကျမတို့နိုင်ငံ ဒီမိုကရေစီရရှိရေးမှာလည်း နောက်ဆုံး အသက်သေဆုံးတဲ့အထိ စွမ်းစွမ်းတမံ လုပ်သွားခဲ့တယ်။ အဲဒီလိုပဲ ပြည်သူလူထုအပေါ်ရော၊ နောက်လူသားချင်း စာနာတဲ့နေရာမှာရော တကယ့်ကို စံပြုရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူ အခုလို သေဆုံးသွားတာ တိုင်းပြည်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတခုလို့တော့ ကျမ မြင်တယ်။ တော်တော်လေးလည်း ကျမအနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။”

 မောင်မိုးသူ (စာရေးဆရာ)

“ရွှေတောင်ကြီး ပြိုကျသလို ဆုံးရှုံးတယ်။”

 ဦးပြုံးချို (၈၈  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း)

“ကျနော်တို့က အန်ကယ်ဦးဝင်းတင်နဲ့က အင်မတန် ခက်ခဲတဲ့အခြေအနေမှာ ထောင်ထဲမှာ အကျဉ်းထောင်ထဲမှာ အတူတူဖြတ်သန်းခဲ့ရတဲ့ဘ၀တွေကို မေ့မှာ မဟုတ်သေးဘူး။ အဲဒီကနေမှ သူ့ဆီကနေ သင်ယူစရာတွေ၊ လေးစားစရာတွေနဲ့ အတုယူစရာတွေ အများကြီး ကျနော်တို့ဆီမှာ ကျန်ခဲ့တယ်။ အထင်ကရပုဂ္ဂိုလ်၊ အများလေးစားပေးတဲ့ပုဂ္ဂိုလ်၊ ချစ်ခံရတဲ့ ပုဂ္ဂိုလ်တယောက် ဆုံးရှုံးသွား၊ သေဆုံးသွားရတဲ့အတွက် အများကြီး ကျနော်တို့မှာ ဆုံးရှုံးမှုတွေ ကြုံတွေ့ရတယ်။ အခု မြေမကျခြင်းကို သူအတွက် အမှတ်ရစရာတွေနဲ့ ဂုဏ်ယူစရာ အထိမ်းအမှတ်တွေ ကျနော်တို့ တတ်နိုင်သမျှ လုပ်ဖို့ ကြိုးစားသွားမယ်။”

 မုံရွာအောင်ရှင် (စာရေးဆရာ)

“ပြောရရင်တော့ ဆရာဦးဝင်းတင် ကွယ်လွန်တဲ့ကိစ္စဟာ မြန်မာနိုင်ငံမှာ စာပေနဲ့ သတင်းစာလောကတွင် မကဘူး။ နိုင်ငံရေးလောကမှာလည်း ဆုံးရှုံးမူတရပ်၊ ဒါ ၁ အချက်။ ၂ အချက်ကတော့ အန်အယ်လ်ဒီပါတီအတွက်လည်း ဆုံးရှုံးမှုတရပ်ပဲ။ ကျနော်တို့ ဒီလှိုင်းစာစောင်အတွက်လည်း အများကြီးဆုံးရှုံးမှုပါပဲ။”

 စိုးရာဇာထွန်း (သတင်းထောက်၊ ပြည်သူ့ခေတ်ဂျာနယ်)

“ဆရာဦးဝင်းတင်ဟာ အာဏာရှင်ကို အသေအလဲ ဆန့်ကျင်တယ်ဆိုတဲ့ လက်ကိုင်မူဝါဒကို ကိုင်ထားတဲ့ ပုဂ္ဂိုလ်ကြီးတယောက်ပေါ့နော်။ ကျနော်တို့စိတ်ထဲမှာ ဘယ်လို ခံစားရလုဆိုတော့ ဒီဟာက နှမြောတသ ဖြစ်နေတယ်ပေါ့နော်”

ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)

“နိုင်ငံရေးအကျဉ်းသားတွေအတွက်ကို ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စတွေကို ဘဘဦးဝင်းတင်ဖောင်ဒေးရှင်းကနေ တော်တော်လေးကို နက်နက်ရှိုင်းရှိုင်း လုပ်ပေးနေတဲ့အတွက် ဘဘ ဒီနေ့မနက် ၆ နာရီခွဲမှာ ဆုံးပါးသွားတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတယောက်အနေနဲ့ သော်လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်များအဖွဲ့အနေနဲ့သော်လည်းကောင်း အလွန်တရာမှ အစားထိုးလို့ မရတဲ့ဆုံးရှုံးမှုတခုပါ။”
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013