DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြခွင့်မရ
DVB
·
April 21, 2014
ညောင်လေးပင်မြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြခွင့်မရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရေးအတွက် ဆန္ဒပြခွင့်တောင်းခံထားကို ပယ်ချလိုက်တယ်လို့ ညောင်လေးပင်မြို့နယ် လူထုလှုပ်ရှားမှုကော်မတီက နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုတောက်က ဒီဗွီဘီကို ပြောပါတယ်။

Staff sell copies of Myanmar's constitution at the Lower House of Parliament in Naypyitawဆန္ဒထုတ်ဖော်မယ့် နေရာဟာ တားမြစ်နယ်မြေဖြစ်နေ တယ်ဆိုတဲ့ အချက်၊ ညောင်လေးပင်မှာ အန်အယ်လ်ဒီ ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးခေါင်းစဉ် နဲ့ ဆန္ဒပြပြီးဖြစ်တဲ့အချက်နဲ့ ဘာသာရေး လှုံ့ဆ်ာမှုနဲ့ ဆက်စပ်နေလို့ ဆူပူမှုဖြစ်မှာစိုးတဲ့ အချက်  ၃ ချက် နဲ့ ပယ်ချလိုက်တာလို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြခွင့် ဒုတိယအကြိမ် ခွင့်ပြုမိန့် တောင်းခံထားပြီး မရခဲ့ပါက ဧပြီ ၂၅ ရက်နေ့ ဆန္ဒပြသွားမယ်လို့ သိရပါ တယ်။

ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှာ  မြို့နယ်မှူး ရဲမှူးတင်အောင်ကတော့  ဆန္ဒပြ ထုတ်ဖော်မှု အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့နဲ့ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြခဲ့ပါက ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013