DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်တွင် စစ်တပ်ပိုင် ကြေးနီတင်ကား မိုင်းဆွဲခံရ
DVB
·
August 29, 2022
မြင်းမူမြို့နယ်တွင် စစ်တပ်ပိုင် ကြေးနီတင်ကား မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ - မန္တလေးလမ်းရှိ အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ဩဂုတ် ၂၈ ရက် ညနေ ၃ နာရီလောက်က ‌စစ်တပ်ပိုင် ကြေးနီတင်လာတဲ့ ကွန်တိန်နာယာဉ်  ၇ စင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

‌မုံရွာကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကြေးနီတင်လာတဲ့ ကွန်တိန်နာကား ၇ စီးကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ ကား ၂ စီး ထိမှန်ခဲ့တယ်လို့ Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

"ကားတွေက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဘက်ကနေ မုံရွာကတဆင့် လာတဲ့ကားတွေ။ တနည်းအားဖြင့် ဦးပိုင်ကုမ္ပဏီရဲ့ဝင်ငွေပေါ့။ လမ်းကြောင်းတလျှောက် စစ်တပ်က ကင်းပုန်းချထား တယ်။ အဲဒီကြားထဲက  ပူးပေါင်းတပ်ဖွဲ့တွေက ရအောင်တိုက်ခိုက်ခဲ့တာ။”

စစ်ဆင်ရေးကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ဦးဆောင်ပြီး   People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF Myinmu၊  Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ စတဲ့ ညီနောင် မဟာမိတ်တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၅ ရက်ကလည်း ယင်းမာပင်မြို့နယ် ပုသိမ် - မုံရွာလမ်းက မြောက်ယမားတံတားနဲ့ ရဲတပ်ရင်း ၂၈ ကြားမှာ ကြေးနီသယ်မယ့်ယာဉ်တန်းကို လုံခြုံရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ  ၃ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013