DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်၊ သရက်ပင်ရွာသား ၁၀၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
August 29, 2022
ကနီမြို့နယ်၊ သရက်ပင်ရွာသား  ၁၀၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သရက်ပင်ရွာမှာ ကလေးငယ်တွေအပါအဝင် ရွာသူ၊ ရွာသား အယောက် ၁၀၀ လောက်ကို စစ်ကောင်စီတပ်က ဩဂုတ် ၂၈ ရက် မနေ့ နေ့လည်ပိုင်းက  ဖမ်းဆီးထားတယ်လို့  ဒေသခံရွာသားတွေထံက သိရပါတယ်။

သရက်ပင်ရွာသားတစ်ဦးက “သူတို့က အတော်ဉာဏ်များတယ်ဗျ။ ပထမ မင်မရွာကနေ သရက်ပင်ရွာ တိုက်နယ်ဆေးရုံမှာ တပ်စွဲညအိပ်တယ်။ နောက်နေ့ကြတော့ သရက်ပင်ရွာတောင်ဘက် မင်းအိုရွာမှာ အထွက်ပြတယ်။ ပြည်သူတွေကလည်း သူတို့ ထွက်သွားပြီထင်ပြီး ရွာထဲပြန်ဝင်ရင်း အခုလို အဖမ်းကြတာခံရတာပါ။ အသက်အန္တရာယ်ကတော့ စိုးရိမ်ရတာပေါ့ဗျာ။ ဒီကောင်တွေရဲ့ စိတ်ကိုမယုံရဲဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က သရက်ပင်ရွာသားတွေကိုဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာ အသေးစိတ်မသိရသေးပေမဲ့   ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးတယ်ဆိုတဲ့အကြောင်းအရာတွေ ရှင်းပြဟောပြောစည်းရုံးနေတယ်လို့ ဒေသခံရွာသားက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ B21 တပ်ရဲ့ တာဝန်ရှိသူ ကိုထွေးက “ပြည်သူတွေ အခုလို အဖမ်းခံလိုက်ရတာဆိုတော့ တိုက်ပွဲဖော်ဆောင်ဖို့ရာ အတော်လေး ခက်ခဲသွားတယ်။ ပြည်သူတွေ ထိခိုက်မှာကို စိုးရိမ်လို့ ကျနော်တို့ ဘာမှမလုပ်သေးဘဲ အခြေအနေကို စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာကိုလည်း မီးရှို့ပြီး ချောင်းမရွာမှာ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ဝင် ၅ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ သင့်ဝင်ကျေးရွာက ပြည်သူတယောက်နဲ့  မင်မကျေးရွာက ပြည်သူ ၃ ယောက်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားခဲ့ဖူးတယ်လို့ သိရပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က  စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး ကင်းရွာဘက်ကနေ ထိုးလာတဲ့စစ်ကြောင်းက လက်ရှိ‌ကနီမြို့နယ်ရေလယ်ကျွန်းရွာမှာ ယာယီတပ်စွဲထားကာ နောက်စစ်ကြောင်းတစ်ကြောင်းကတော့ သရက်ပင်ကျေးရွာမှာ ရောက်ရှိနေပါတယ်။

နောက်ထပ် စစ်ကြောင်းတစ်ကြောင်းကတော့ ကနီမြို့နယ် ဆယ်ရွာ၊ လာပို့ဘက်ကို မင်းကင်းမြို့နယ်ကနေ စစ်ကြောင်း စတင်းထိုးနေတယ်လို့ ကနီ‌မြိုဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013