DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း ခိုးဝင်သည့် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ
DVB
·
April 21, 2014
ထိုင်းနိုင်ငံတွင်း ခိုးဝင်သည့် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲမှာ တရားမ၀င် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

557000004509701

နယ်မြေထဲမှာ တရားမ၀င်အလုပ်သမားတွေ တင်လာမယ်လို့ ကြိုသတင်းရထားချက်အရ အမှတ်  ၄ အဝေးပြေးလမ်း လုံခြုံရေးရဲတပ်ဖွဲ့က ယာဉ်တွေကို စောင့်ကြပ်စစ်ဆေးရာမှာ ဧပြီ ၁၉ ရက်နေ့က ဟိုထရိုင်းမြို့နယ်တွင်း ဖြတ်သွားတဲ့ မသင်္ကာဖွယ် အနက်ရောင် တိုယိုတာ ကားတစီးကို တားဆီးခဲ့ကြောင်း၊ ကားက ရပ်မပေးဘဲ မောင်းပြီး ထွက်ပြေးသွားတဲ့အတွက် ကားဘီးကို သေနတ်နဲ့ ပစ်ဖောက် ဖမ်းဆီးခဲ့ရတယ်လို့ တာဝန်ကျရဲအရာရှိ နရ၀ပ်ဖုတ်ထ၀ိလိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဘီးပေါက်လို့ လမ်းဘေးထိုးကျသွားတဲ့ ကားထဲမှာ တရားမ၀င်တင်ဆောင်လာတဲ့ လူ ၁၅ ဦး ပါဝင်ကြောင်း၊ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ပါဝင်ကာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကော့သောင်း - ရနောင်းဘက်ကနေ ၁ ဦးကို ထိုင်းဘတ်ငွေ ၃ ထောင်နှုန်းနဲ့ ဆဒေါင်းမြို့နယ် ဆုန်ခလာခရိုင်ထိ ပို့ပေးဖို့ ဖြစ်ကြောင်း၊ အဲဒီကနေ မလေးရှားနိုင်ငံထဲ ဆက်ပြီး ခိုးဝင်ဖို့ ဖြစ်တယ်လို့ အသက် ၃၂ နှစ်အရွယ်ရှိ ဒရိုင်ဘာဖြစ်တဲ့ ထိုင်းအမျိုးသားက ရဲတွေကို ထွက်ဆိုပါတယ်။

သူတို့တတွေ ထွက်လာတုန်းက ကား ၂ စီး ဖြစ်ပြီး ကျန်တဲ့တစီးက ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ သူ့အနေနဲ့ တရားမ၀င် အလုပ်သမား ငှားရမ်း တင်ဆောင်လာတာ ဒါနဲ့ပါဆို ၃ ကြိမ်ရှိပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ သစ္စာဖောက်မှုကြောင့် အဖမ်းခံရတာလို့ ကားမောင်းသမားက ရဲတွေကို ပြောပါတယ်။

ကားမောင်းသမားနဲ့ တရားမ၀င်ခိုးဝင်လာသူအားလုံးကို ဆက်လက် စစ်ဆေးအရေးယူဖို့ နခွန်းဆီထမရတ်ခရိုင် ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ရဲအရာရှိအပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းမှာ ဖော်ပြသွားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013