DVB Logo
Home
Lead Story
သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် အမြင်သဘောထားများ (၁)
DVB
·
April 21, 2014
သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် အမြင်သဘောထားများ (၁)
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် (အသက်-၈၅ နှစ်) ဟာ ဒီကနေ့မနက် ၆ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန်ပါတယ်။

10171181_4264786796100_7084265794093037737_nဦးဝင်းတင်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တက်ရောက်ကုသနေ တာဖြစ်ပြီး အထူးစိုးရိမ်ရလို့ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ  ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတဲ့ အပေါ် နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့၊ စာရေးဆရာတွေရဲ့ အမြင်သဘော ထားတွေကို မေးမြန်းထားပါတယ်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ)

 “ကျနော်တို့က တချိန်တခါက လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရေး ခရီးကြမ်းကိုလည်း အတူတူ လျှောက်ခဲ့ကြပါတယ်။ ဘယ်လိုပဲ သဘောထားကွဲကွဲ အယူအမြင်တွေ လွဲလွဲပေါ့။ နိုင်ငံရေးလောကထဲမှာ တစိုက်မတ်မတ် လုပ်လာခဲ့တဲ့ ဦးဝင်းတင် ဆုံးပါးကွယ်လွန်တာကို ကျနော်အနေနဲ့ အထူးပဲ ၀မ်းနည်းကြေကွဲ ဖြစ်ရပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) အနေနဲ့လည်း အထူးပဲ ၀မ်းနည်းကြေကွဲခြင်း၊ စိတ်မကောင်းခြင်းဖြစ် ရပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့နဲ့အတူ အယူအဆတွေ ကွဲလွဲခဲ့သော်လည်းပဲ တိုင်းပြည်အတွက် သူမှန်တယ်ထင်တာကို တစိုက်မတ်မတ် ဆုပ်ကိုင် လျှောက်လမ်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ်တော့ သမိုင်းမှာ အမှတ်ထင်ထင် ကျန်ခဲ့မှာပဲလို့ ကျနော် ယူဆပါတယ်။

“ဦးဝင်းတင်ကတော့ လက်ရှိ အနေအထားကို မှောက်လှန်ချင်တဲ့ ပုဂ္ဂိုလ်ထဲမှာပါတာကိုး၊ သူ့လိုတော့ အရှေ့က ရပ်ပြောမယ့်ပုဂ္ဂိုလ်တယောက် မရှိတော့ဘူးလို့တော့ ပြောရမှာပဲ။”

 ဦးသိန်းညွန့် (အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်အမတ်)

“သူကွယ်လွန် အနိစ္စရောက်ခြင်းက သူနဲ့ သတင်းစာနယ်ပယ်နဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ထိတွေခဲ့တဲ့ သူတွေရောပေါ့။ သူ့ဘ၀ သူ့ဇာတ်ကြောင်းကို တဆင့်သိခဲ့တဲ့ လူတွေအဖို့ကတော့ အားလုံး ၀မ်းနည်းကြေကွဲမှု သတင်းပါပဲလို့ ကျနော်ပြောပါစေ။

“၁၉၈၉ ခုနှစ်မှာ ဦးဝင်းတင်ကို ပုဒ်မ ၂၁၆ နဲ့ မတရားတရားစွဲတဲ့အချိန်ပေါ့။ အဲဒီ အမှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်မှာ သူ့အမူကို ၃ လ ကျနော်လိုက်ပေးခဲ့တာပေါ့။ ကျနော်က သူရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့သူတယောက်အနေနဲ့ရော၊ သတင်းစာသင်တန်း အမှတ်စဉ် ၅ မှာ သူရဲ့ သင်တန်းသားတယောက် ဖြစ်ခဲ့တဲ့သူတယောက်အနေနဲ့ရော ပြောရရင် သတင်းစာ နယ်ပယ်မှာတော့ ဦးဝင်းတင်သည် ဟံသာဝတီဦးဝင်းတင်လို့ အမည်ရတဲ့အထိ အင်မတန်မှ ထင်ရှား ကျော်ကြားခဲ့တဲ့ သတင်းစာဆရာကြီးအဖြစ် ကျနော် ယနေ့အထိ အမှတ်ရနေပါမယ်။”

 ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ ဥက္ကဋ္ဌ)

 “ကျနော်တို့က တက္ကသိုလ်တုန်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲလေနော်၊ ၀မ်းနည်းစရာပေါ့ဗျာ။ သူက တိုင်းပြည်အတွက် တကယ့်လူတော်တယောက်ပဲ၊ သတင်းစာဆရာသာဆိုတယ်၊ နိုင်ငံရေးအတွေ့အကြုံလည်း အများကြီးရှိတယ်။ သူတို့ မရှိဘူးဆိုတော့ ဒါတွေက မပြောနိုင်တော့ဘူးပေါ့ဗျာ။ သူက တိုင်းပြည်အတွက် ကောင်းတာရော၊ ကျနော့်တို့ရဲ့ သူငယ်ချင်း၊ ရင်းနှီးတဲ့သူရော ဆုံးရှုံးတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့ဗျ။”

 ဦးသီဟစော (မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ)

“ဆရာက ဂျာနယ်လစ်တယောက် ဖြစ်သလို နိုင်ငံရေးသမားလည်း ဖြစ်တယ်။ ဂျာနယ်လစ်စိတ်ဓာတ်လည်း အပြည့်ရှိတယ်။ အရမ်းရိုးသားဖြူစင်ပြီးတော့ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ၊ အဲဒီအတွက် အရမ်းနှမြောမိတယ်။ အန်အယ်လ်ဒီဘက်ကကြည့်ရင် အန်အယ်လ်ဒီမှာလည်း   ဆရာအတွေ့အကြုံတွေအရလည်း အရမ်းအရေးကြီးတယ်။ နောက်တခုက နိုင်ငံရေးပေါ်လစီနဲ့ ပတ်သက်လို့ သူက ဒုက္ခလည်း အရမ်းကြုံဖူးတယ်။ ခေတ်တွေလည်း အများကြီးကြုံဖူးတော့ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ သူအမြင်တွေက အရမ်းစူးရှတယ်။ ကောင်းတယ်ပေါ့၊ အဲဒါ ပါတီအတွက် တော်တော်ကြီးကို ဆုံးရှုံးမှုတခုလို့ ထင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013