DVB Logo
Home
မြန်မာသတင်း
ချင်းပြည်သူအပေါ် စစ်တပ်၏အကြမ်းဖက်မှုရပ်တန့်ရေး ဟန့်တားပေးရန် အမေရိကန်သမ္မတကို တောင်းဆို
DVB
·
August 27, 2022
ချင်းပြည်သူအပေါ် စစ်တပ်၏အကြမ်းဖက်မှုရပ်တန့်ရေး ဟန့်တားပေးရန်  အမေရိကန်သမ္မတကို တောင်းဆို
Donate to DVB

ချင်းပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို  မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေက ဖျက်ဆီးနေတဲ့အပေါ်  ချက်ချင်း ရပ်တန့်စေဖို့နဲ့  ဟန့်တားပိတ်ဆို့ ဆောင်ရွက်ပေးဖို့ အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်ကို အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်း အသင်းတော်များအဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။  

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့ စတဲ့ မြို့တွေကို စစ်ကောင်စီတပ်တွေက  ပစ်မှတ်ထား ထိုးစစ်ဆင်နေတာ တနှစ်ကျော်လာပြီး အခုလက်ရှိမှာလည်း ထန်တလန်မြို့နယ်မှာ ထိုးစစ်အရှိန်မြှင့်နေတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက သြဂုတ် ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

စစ်ကောင်စီတပ်တွေက ထန်တလန်မြို့နဲ့ ဟားခါးမြို့ကြားရှိ သီမြစ်မှာ တပ်ဖြန့်နေကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ တလလောက် ရှိနေပြီး ကြမ်းကြုတ်ရက်စက်တဲ့ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီလုပ်ရပ်က စက်ဆုတ်ရွှံရှာဖွယ် ဖြစ်တာကြောင့် အပြင်းထန်ဆုံး ရှုတ်ချကန့်ကွက်တယ်လို့ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက ဆိုပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်ရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာ၊ စစ်ရာဇ၀တ်မှုကျူးလွန်တာ၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်တာနဲ့  လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေတာ သက်သေဖြစ်ပြီး ဒီလုပ်ရပ်တွေကို နိုင်ငံတကာဥပဒေနဲ့အညီ နိုင်ငံတကာရာဇ၀တ်တရားရုံးမှာ အရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေေအစိုးရ (NUG) တို့ကိုလည်း  ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက တိုက်တွန်းထားပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာအား စစ်တပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး တရားမဝင် သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပထမဆုံး လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အထဲမှာ ချင်းပြည်နယ်က ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ 

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ မေ ၂၃ ရက်နေ့အထိ ထန်တလန်မြို့က ပြည်သူတွေရဲ့ နေအိမ်တွေကို ၂၈ ကြိမ်လောက် မီးရှို့ဖျက်ဆီးခဲ့ကြလို့ ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရသလို ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း  အကြမ်းဖက်မီးရှို့တာတွေ အကြိမ်ကြိမ် ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။

Photo Credit-ChinYouths4Reform

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013