DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာဒုက္ခသည်စခန်း ရေနဲ့ အိမ်သာ အခက်အခဲတွေ့
DVB
·
April 20, 2014
မိတ္ထီလာဒုက္ခသည်စခန်း ရေနဲ့ အိမ်သာ အခက်အခဲတွေ့
Donate to DVB

မိတ္ထီလာမြို့ပေါ်ရှိ ရေအရင်းအမြစ်ရုံး ဒုက္ခသည်စခန်းမှာ သောက်သုံးရေ မလုံလောက်တာနဲ့ အိမ်သာတွေလျှံထွက်နေတာကြောင့် စခန်းနေမိသားစုဝင်တွေ အခက်အခဲ တွေ့နေကြတယ်လို့ စခန်းတာဝန်ခံ ဦးအောင်ဌေးက ပြောပါတယ်။

MateHtiLarဒုက္ခသည်စခန်းမှာ တနှစ်ကျော်ကြာ နေထိုင်နေကြရတာမို့ အခုလို အခက်အခဲနဲ့ ပြသနာတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တလခွဲလောက်ကထဲက စတင် ရင်ဆိုင်ခဲ့ကြရတာလို့လည်း သူက ပြောပါတယ်။

“မိတ္ထီလာကန်ရေက ယခင်ပေးတာက ဂါလံ ၁၆၀၀ ကားနဲ့ ပေးတာ။ အခုက ဂါလံ ၁၆၀၀ မလာပဲနဲ့ ဂါလံ ၁၂၀၀ ကားနဲ့လာတယ်။ ဒီမှာက အိမ်ထောင်စုက လူဦးရေ ၉၀၀ လောက်ရှိတယ်။ ရဲက ၉၅ ယောက်ဆိုတော့ ၁၀၀၀ ထောင်နီးပါးလောက် ဖြစ်နေတော့ သုံးရေ ချက်ပြုတ်ရေက ဘယ်လိုမှ မလုံလောက်ဘူး။ အဲဒီတော့ ကျနော်တို့ ဒီဒုက္ခသည်တွေနဲ့ နေ့တိုင်းပဲ စကားများတယ်။ ဒီနေ့ မနက်ခင်းလည်း စကားများတယ်။ ချိုးရေကို အ၀ိစိတွင်းရေကို သုံးရတာလေ။ ချိုးရေအတွက် တော်တော် ခက်ခဲမှု ဖြစ်သလို့ ချက်ပြုတ်ရေအတွက်လည်း တော်တော် ခက်ခဲတယ်။ အိမ်သာတွေဆို ရေတွေတော်တော်လျှံထွက်နေတာ၊ အနံ့အသက်တွေကလည်း တော်တော် မကောင်းဘူး။”

စခန်းထဲ ၀မ်းလျှောဝမ်းပျက် ရောဂါတွေဖြစ်ပွားလို့ ဆေးရုံပို့ဆောင်ရသူ ၇ ဦးအထိ ရှိသွားပြီလို့လည်း စခန်းတာဝန်ခံက ပြောပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ ဒုက္ခသည်စခန်း ၅ ခု ရှိပြီး ရေအရင်းအမြစ်ရုံးစခန်းတခုပဲ ခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စခန်းရဲ့ အကျယ်အ၀န်း အလျားပေ ၅၀၀ လောက် အနံပေ ၁၅၀ လောက်အတွင်း လူဦးရေ ၁၀၀၀ လောက် စုပေါင်းနေထိုင်နေကြရတာမို့ အချိန်ကြာလာတာနဲ့အမျှ အခုလို အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာပါ။

ဒီဒုက္ခသည်စခန်းမှာ အရင် မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ နေထိုင်ခဲ့ကြတဲ့ မွတ်စလင် လူမျိုးတွေချည်း ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

သူတို့တွေ နေထိုင်ဖို့ လုံးချင်းအိမ်ရာနဲ့ အခန်းတွဲ အဆောက်အဦ ၃၀၀ ကျော် တည်ဆောက်နေပြီး မိုးမကျမီပြီးစီးအောင် ဆောက်လုပ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေက ပြောဆိုနေပေမယ့် လတ်တလော တည်ဆောက်မှုအနေအထားအရ မပြီးနိုင်လောက်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ပဋိပက္ခဖြစ်ပွားပြီး တနှစ်ကျော်ကြာချိန်အထိ မိတ္ထီလာမြို့ပေါ်က ဒုက္ခသည်စခန်းမှာ လူ ၅၀၀၀ လောက် ခိုလှုံနေထိုင်နေကြရတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013