DVB Logo
Home
Lead Story
မန္တလေးတွင် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၈ သန်းနီးပါး ဖမ်းဆီးရမိ
DVB
·
April 20, 2014
မန္တလေးတွင် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၈ သန်းနီးပါး ဖမ်းဆီးရမိ
Donate to DVB

ပြီးခဲတဲ့ မြန်မာနှစ်ဆန်းတရက် ဧပြီလ ၁၇ ရက်က မန္တလေးမြို့မှာ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား သိန်း ၈၀ လောက် ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_55098" align="alignright" width="720"]ဓာတ်ပုံ - MOI ဓာတ်ပုံ - MOI[/caption]မူးယစ်ဆေးဝါးတွေနဲ့ တွေ့ရှိရသူ ၅ ဦးကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် မူးယစ်ဆေးတွေရဲ့ ကာလပေါက်ဈေးတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

မန္တလေးမြို့က သတင်းအယ်ဒီတာက ကိုစန်းယုကျော်က မူးယစ်ဆေးဝါးတွေဟာ အိနိယနဲ့ တရုတ်နယ်စပ်တွေက ၀င်လာတာဖြစ်ပြီး မန္တလေးမြို့ဟာ မူးယစ်ဆေးဝါး သယ်ဆောင် ဖြတ်သန်းရာ ဆုံရပ်လို ဖြစ်နေတာလို့ ပြောပါတယ်။ ဒီတကြိမ် မူးယစ်ဆေးဝါး ဖမ်းမိမှုဟာ ဆေးပြားသိန်း ၈၀ လောက် ရှိတာမို့ စံတင်လောက်တဲ့ ဖမ်းဆီးရရှိမှု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013