DVB Logo
Home
မြန်မာသတင်း
၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးနှင့် PRA အဖွဲ့ဘက်က ၄ ဦးကျဆုံး
DVB
·
August 26, 2022
၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးနှင့် PRA အဖွဲ့ဘက်က ၄ ဦးကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နယ်စပ်နှစ်ခုမှာ လှုပ်ရှားနေတဲ့ PRA အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဩဂုတ် ၂၀ ရက်ကနေ ၂၃ ရက်အထိ ထိပ်တိုက်တိုက်ပွဲကြီး ၄ ကြိမ်နဲ့ တိုက်ပွဲငယ် အများအပြား ဖြစ်ခဲ့တယ်လို့ PRA အဖွဲ့ တာဝန်ရှိသူ ကိုဂျပန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီနဲ့ တိုက်ပွဲကတော့ မြေပြင်မှာတော့ တင်းမာနေဆဲပဲဆရာရေ။ ၂၀ ရက်နေ့က ကျနော်တို့ထိန်းချုပ်ထားတဲ့ ရွာတွေထဲကို လေယာဉ် ၄ စီးနဲ့ ညောင်ပင်လယ်ရွာအနီးမှာ လာချတယ်။ အဲကောင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ။ အခု ၄ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၃ ဦး နေရာတင်သေပြီး ၁၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားပါတယ်။ PRA တပ်မတော်ဘက်က ဗဟိုကော်မတီဝင် ခေါင်းဆောင် ၄ ဦးမှ ဗိုလ်စိုင်းညီညီဆွေနဲ့ ရဲဘော် ၃ ဦး ကျဆုံးသွားတယ်။”

PRA အဖွဲ့အနေနဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ရာ ပထမပိုင်းမှာ ပုလဲမြို့နယ်အတွင်း လှုပ်ရှားတော်လှန်ခဲ့ပြီး ပူးပေါင်းလာသူတွေ တနေ့တခြား များလာတာကြောင့် မကွေးတိုင်း မြိုင်၊ ပေါက်နဲ့ ဂန့်ဂေါ်မြို့နယ်တွေမှာ တပ်ခွဲပေါင်းများစွာခွဲပြီး စစ်အာဏရှင်ကို တော်လှန်နေတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013