DVB Logo
Home
မြန်မာသတင်း
အသစ်ထပ်မံတိုးချဲ့လိုက်သည့် ခရိုင် ၄၆ ခုတွင် ရဲအင်အား ၇၆၀၀ ကျော် ထားရှိမည်
DVB
·
August 23, 2022
အသစ်ထပ်မံတိုးချဲ့လိုက်သည့် ခရိုင် ၄၆ ခုတွင် ရဲအင်အား ၇၆၀၀ ကျော် ထားရှိမည်
Donate to DVB

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အသစ်တိုးချဲ့ထားတဲ့ ခရိုင် ၄၆ ခုမှာ ရဲအင်အား ၇၆၀၀ ကျော်နဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွေ ထားရှိဖွင့်လှစ်သွားမယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက  ပြောပါတယ်။

“အတိအကျပြောရရင် ရဲအင်အား ၇၆၀၀ ကျော်ပေါ့။ ခရိုင်ရုံးတွေဖွင့်ဖို့လည်း ပြည်ထောင်စုအစိုးရရုံးက ခွင့်ပြုပြီးသွားပြီ မကြာခင်ဖွင့်သွားမှာ။” 

ဒီလို ခရိုင်ရုံးတွေ ဖွင့်လာတာဟာ စစ်ကောင်စီက ထပ်မံသက်တမ်းတိုးထားတဲ့  ခြောက်လအတွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ ပြည်စုံအောင်ပြုလုပ်နိုင်မှသာ ရွေးကောက်ပွဲ ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရွေးကောက်ပွဲက PR စနစ်နဲ့ သွားမှာဆိုတော့ ခရိုင်တွေ ထပ်တိုးထားတာရှိတယ်။ အဲ့တော့ ခရိုင်တွေမှာ ခရိုင်ရုံးတွေ ရှိရမယ်၊ ဒါမှ အင်္ဂါရပ်နဲ့ပြည့်စုံမှာ။ ခရိုင်တရားရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရော ပြောပြရင် ဌာနဆိုင်ရာရှိနေတဲ့ ရုံးတွေ ထပ်တိုးထားတဲ့ ခရိုင်တွေမှာ ခရိုင်ရုံးတွေရှိရမှာ၊ အခြားရုံးတွေလည်း ဒီခြောက်လသက်တမ်း မကုန်ခင် အကုန်ဖွင့်မှာ။” 

အဆိုပါ ခရိုင်ရဲတပ်ဖွဲ့မှူး ၄၆ ရုံးအတွက် အရာထမ်းရာထူး ရဲတပ်ဖွဲ့ဝင် ၃၂၂ ဦး၊ အမှုထမ်းရာထူးရဲတပ်ဖွဲ့ဝင် ၇၃၁၄ ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၇၆၃၆ ဦးကို ပြောင်းရွှေ့ခန့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ယခင်က ခရိုင်ပေါင်း ၇၅ ခုရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်က နောက်ထပ်ခရိုင် ၄၆ ခုကို အသစ်ထပ်မံတိုးချဲ့လိုက်တာကြောင့် ခ ရိုင်ပေါင်း ၁၂၁ ခရိုင် ရှိပြီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က အမိန့်ကြော်ငြာစာအမှတ် ၅၅၆/၂၀၂၂ နဲ့ ဖွဲ့စည်းလိုက်တဲ့ ခရိုင်တရားရုံးတွေမှာ မြို့နယ်တွေအတွင်းဖြစ်ပွားတဲ့ ရာဇဝတ်မှုနဲ့တရားမမှုတွေကို စစ်ဆေး စီရင်နိုင်ဖို့ စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်တာလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013