DVB Logo
Home
မြန်မာသတင်း
အခြေခံပညာ ကျောင်းစစ် အောင်စာရင်းတွေ ထွက်ရှိ
DVB
·
April 18, 2014
အခြေခံပညာ ကျောင်းစစ် အောင်စာရင်းတွေ ထွက်ရှိ
Donate to DVB

၂၀၁၃- ၁၄ ပညာသင်နှစ်အတွက် သူငယ်တန်းကနေ န၀မတန်းထိ အခြေခံပညာကျောင်းစစ် စာမေးပွဲ အောင်စာရင်းတွေကို မြန်မာနိုင်ငံတ၀န်း က သက်ဆိုင်ရာ စာသင်ကျောင်းတွေက ဒီနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းအတွင်းမှာ သူငယ်တန်းအောင်စာရင်းကနေ ကိုးတန်းအထိ အောင်စာရင်းတွေကို ကျောက်သင်ပုန်းပေါ်မှာ အေဖိုးစာရွက်တွေနဲ့ ကပ်ထားပြီး မနက်စောစောကတည်းက အောင်စာရင်းကို တဖွဲဖွဲ လာကြည့်နေကြတဲ့ ကျောင်းသားကျောင်းသူ မိဘတွေနဲ့ စည်ကား နေပါတယ်။

exam resultတာမွေ (၁) အခြေခံပညာအထက်တန်းကျောင်းက အဌမတန်းအောင်စာရင်းကို လာကြည့်တဲ့ ကျောင်းသူ မမေသူတိုးကတော့ သူတို့ တတန်းလုံးအောင်တယ်လို့ အောင်စာရင်းကို ကြည့်ရင်း ပြောပါတယ်။

အောင်စာရင်း ကိုယ်တိုင်လာကြည်တဲ့ ကျောင်းသူကျောင်းသားတွေလည်း ရှိသလို ကလေးတွေ အစားလာကြည့် ပေးတဲ့ မိဘတွေလည်း ရှိပါတယ်။

န၀မတန်းအောင်ပြီး ဒဿမတန်း တက်ရောက်မယ့် သမီးလေးအတွက် အောင်စာရင်းလာကြည့်တဲ့ ကလေးမိဘလည်းဖြစ် ဆရာမတစ်ဦးလဲဖြစ်တဲ့ ဆရာမ ဒေါ်တင်တင်ဦးကတော့ သူ့ သမီးလေးကို သူ့လို ဆရာမတဦးဖြစ်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အဆင့် ၁၅ ရတဲ့ သတ္တမတန်းကျောင်းသူ မလှိုင်သက်ထားကတော့ ဆရာဝန်ဖြစ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုပါတယ်။

တချို့ကျောင်းတွေက အောင်ချက်ကောင်းတာတွေ ရှိသလို တစ်ချို့ကျောင်းတွေ ကတော့ အရင်နှစ်တွေ က ထက်အောင်ချက်လျော့ကျသွားတာတွေ ရှိပါတယ်။

ရန်ကင်းမြို့နယ်က အထက (၁) က ကျောင်းအုပ်ဆရာမ ဒေါ်မိုးသူက တော့ အရည်အချင်းရှိတဲ့ ကျောင်းသူကျောင်းသားတွေ ဖြစ်လာအောင် လုပ်ထားလို့ ခါတိုင်းထက် နည်းနည်းအောင်ချက်ကျ တာပါလို့ ဆိုတယ်။

ပြီးခဲ့တဲ့ နှစ်က သင်ရိုးညွန်းတန်း အပြောင်းအလဲတွေ နဲ့ ကျောင်းရဲ့ မေးခွန်းကွာခြားမှုတွေအပြင် မအောင်မချင်း အတန်းတင်ပေးတဲ့စနစ်ကိုလည်း ပြောင်းထားတွေကြောင့် အောင်ချက်လျော့ ကျတာလို့လည်း ပြောပါတယ်။

၂၀၁၄/၁၅ ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံတာတွေကို မေလ လယ်လောက်မှာ စတင်မှာဖြစ်ပြီး ဇွန်လမှာတော့ ကျောင်းစတင်ဖွင့်လှစ်မှာလည်း ဖြစ်ပါတယ်။

အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013