DVB Logo
Home
Lead Story
မုန်တိုင်းအန္တရာယ်ရှိတယ် (မိုးလေ၀သပညာရှင် ဦးထွန်းလွင်နဲ့ မေးမြန်းချက်)
DVB
·
April 18, 2014
မုန်တိုင်းအန္တရာယ်ရှိတယ် (မိုးလေ၀သပညာရှင် ဦးထွန်းလွင်နဲ့ မေးမြန်းချက်)
Donate to DVB

[caption id="attachment_16620" align="alignright" width="300"]ဦး​ထွန်းလွင် ဦး​ထွန်းလွင်[/caption]အခုရက်ပိုင်း မိုးတိမ်တောင်အန္တရာယ်နဲ့ မုန်တိုင်းအန္တရာယ်ရှိတာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေ၀သပညာရှင်က သတိပေးလိုက်ပါတယ်။

မိုးကြိုကာလ ၀င်ရောက်လာပြီမို့ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲဒီ မိုးတိမ်တောင်တွေကြောင့် နေရာကွက်ပြီး မိုးကြီးခြင်း၊ လျှပ်တပြက် ရေကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ မြန်မာပြည်အနှံ့ ဖြစ်ပွားနိုင်တာမို့ သတိပြု နေထိုင်ကြဖို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေး ပြောကြားလိုက်ပါတယ်။

အထူးသဖြင့် ဧပြီလ ၂၀ ရက်မှ မေလ ၁၀ ရက်အထိ ရက် ၂၀ အတွင်း မုန်တိုင်းသတင်းကို နားစွင့်ထားကြဖို့လည်း သတိပေး နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

အခုရက်ပိုင်းဖြစ်ပေါ်နေတဲ့ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေနဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်တက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ကို ဒီဗီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013