DVB Logo
Home
မြန်မာသတင်း
စမတ်ဖုန်းဈေးကွက်တွင် ဒေါ်လာပေါက်ဈေးပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်းခန့် ဈေးတက်
DVB
·
August 22, 2022
စမတ်ဖုန်းဈေးကွက်တွင် ဒေါ်လာပေါက်ဈေးပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်းခန့် ဈေးတက်
Donate to DVB

နေပြည်တော်အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ စမတ်ဖုန်းဈေးကွက်မှာ ဒေါ်လာပေါက်ဈေးပေါ် မူတည်ပြီး ၂၀ ရာခိုင်နှုန်းလောက် ဈေးတက်နေတယ်လို့ သိရပါတယ်။

အခု ဩဂုတ်လဆန်းပိုင်းလောက်က စတင်ပြီး စမတ်ဖုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ဈေးတွေ မြင့်တက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်အတွင်းက ၁ သိန်းကျော်ကျော်သာရှိခဲ့တဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေကို အခုအချိန်မှာ ၁ သိန်း ၆ သောင်း၊ ၇ သောင်းလောက် အထိ ဈေးပေးပြီး ဝယ်ယူနေရတာလည်းဖြစ်ပါတယ်။

“ဖုန်းဈေးတွေက အခုတော့ ပြန်ငြိမ်သွားပါပြီ။ ငြိမ်သွားတယ်ဆိုတာ အမြင့်ဈေးမှာ ငြိမ်နေတာကို ပြောတာ။ အမတို့ဆိုင်မှာ ပြီးခဲ့တဲ့လတုန်းက ‌Redmi 9A ကို ၂ သိန်းကျော်နဲ့ ရောင်းတာ၊ အခု ၂ သိန်း ၆ သောင်း ၉ ထောင်နဲ့ ရောင်းနေတယ်” လို့ နေပြည်တော်ပျဉ်းမနားက မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ ဆမ်ဆောင်း၊ Techno၊ Oppo၊ Vivo အစရှိတဲ့ ဖုန်းတွေကို အမေရိကန်တဒေါ်လာ ကျပ်ငွေ ၃၅၀၀ နီးပါး မရောက်မချင်း  လက်ရှိပေါက်ဈေးအတိုင်း ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

“ဒေါ်လာဈေးပေါ် မူတည်ပြီးတော့ ဈေးတွေက ပြောင်းနေတာပေါ။ Authorized တင်သွင်းလာတဲ့ Brand တွေကတော့ လတ်တလောမှာ တည်ငြိမ်သွားပြီ။ ဒေါ်လာဈေး ၃၅၀၀ လောက်ရောက်ရင်တော့ တမျိုးပေါ့” လို့ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်သူက ပြောပါတယ်။

အခုလို စမတ်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ဈေးမြင့်တက်လာရခြင်းဟာ အခြားကုန်ပစ္စည်းတွေလို ဈေးကစားတာတွေကြောင့် မဟုတ်ဘဲ ကျပ်ငွေတန်ဖိုး အလွန်အမင်း ကျဆင်းလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013