DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ စစ်တပ်အရာရှိ ထွက်ပြေးသဖြင့် မြိုင် ပ.က.ဖ ပစ်သတ်
DVB
·
August 21, 2022
ဖမ်းဆီးခံ စစ်တပ်အရာရှိ ထွက်ပြေးသဖြင့် မြိုင် ပ.က.ဖ ပစ်သတ်
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ်မှာ မြိုင်-ပခုက္ကူကားလမ်းမှာ သြဂုတ် ၂၀ ရက် ညနေ ၅ နာရီက ဖမ်းဆီးရမိတဲ့ စစ်ထောက်လှမ်းရေးအရာရှိတယောက်ဟာ ပြန်လည်ခုခံ ထွက်ပြေးတာကြောင့် ပစ်သတ်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“ဘာမှကို စစ်မေးချိန် မရလိုက်ဘူး။ ပခုက္ကူနဲ့ မြိုင်နယ်အစပ်က အင်ပင်ရွာနားမှာ ကားပေါ်တင်တော့ ရဲဘော်ဆီက သေနတ်လုလို့ တန်း ရှင်းလိုက်ရတာ။ သူရဲ့ ခရီးသွားလာခွင့် အမိန့်စာထဲမှာတော့ ပြန်တမ်းဝင်အမှတ် ကြည်း/၇၃၇၄၃ ဗိုလ် ဆန်းဝင်းအောင်လို့ ရေးထားတာ တွေ့ရတယ်။”

စစ်ထောက်လှမ်းရေးဆီက  စာရွက်စာတမ်းတွေနဲ့အတူ Gopro Hero 9 ကင်မရာ ၁ လုံးနဲ့ စပ်ဆက်ပစ္စည်းတွေ၊ 4k ဗွီဒီယိုကင်မရာ ၁လုံး၊ BOYA M1 မိုက်ကရိုဖုန်း ၁ ခု၊ DJI OM4 ၁ခု၊ Spy ကင်မရာ glass ၁ ခု၊ Tripod ၁ခု၊ Gopro Hero 9/10 waterproof ၁ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် ၁အိတ်၊ ဖုန်း ၁လုံး နဲ့ ကင်မရာစပ်ဆက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရှင်းလင်းခံလိုက်ရတဲ့ ဗိုလ်ဆန်းဝင်းအောင်ဟာ ကင်မရာ၊ လျှို့ဝှက်ကင်မရာနဲ့ ဒရုန်းတွေအကြောင်း ဖေ့စ်ဘွတ်ခ်မှာ ရှင်းပြရောင်းချနေသူတယောက်လည်းဖြစ်ပါတယ်။

လတ်တလော PDF တွေ စိုးမိုးတဲ့ ပခုက္ကူခရိုင်ထဲက နေရာတွေကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ရွာတွေကို မီးရှိုတာ၊ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ ဒေသခံပစ္စည်းတွေ ခိုးယူတာတွေကို ဆက်တိုက်လုပ်နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013