DVB Logo
Home
နိုင်ငံတကာ
လွှတ်တော်အမတ် ၃၂၂ ဦး၏ ထောက်ခံမှုဖြင့် ဘန်နမ် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာနိုင်
DVB
·
July 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

လေဘာလွှတ်တော်အမတ် ၃၂၂ ယောက်ရဲ့ ထောက်ခံမှုအရ အန်ဒီဘန်နမ်ဟာ လေဘာပါတီခေါင်းဆောင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိပါတယ်။

ကီယာစတာမာ နေရာမှာ အစားထိုးဖို့ ဘန်နမ်ကို လေဘာအမတ်အများစုက အမည်စာရင်း တင်သွင်းခဲ့ကြတာပါ။

ခေါင်းဆောင်သစ်ရွေးချယ်မှုကို ဇူလိုင် ၉ ရက်က စတင်ခဲ့တာဖြစ်ပြီး ၁၆ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။

ပါတီခေါင်းဆောင်သစ်နေရာအတွက် အမည်စာရင်း စပြီးတင်သွင်းချိန်မှာပဲ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု ၃၂၂ မဲ ရထားတာကြောင့် အနိုင်ရဖို့ ၁ မဲအလိုကို ရောက်နေပါတယ်။

ဒီရွေးချယ်ပွဲမှာ ဘယ်သူမှ ဝင်ရောက်ယှဉ်ပြိုင်တာမျိုး မရှိဘူးဆိုရင် ဘန်နမ်ဟာ လာမဲ့အပတ်မှာ လေဘာပါတီခေါင်းဆောင် ဖြစ်လာမှာဖြစ်ပြီး ဇူလိုင် ၂၀ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

ပါတီခေါင်းဆောင်အတွက် တယောက်ထက်ပိုတဲ့ ယှဉ်ပြိုင်မှုတွေ ရှိမယ်ဆိုရင်လည်း ပါတီက အမည်စာရင်း တင်သွင်းမှုကို လိုက်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

သူ့ကိုထောက်ခံပြီး အမည်စာရင်းတင်သွင်းခဲ့တဲ့ လေဘာပါတီလွှတ်တော်အမတ်တွေကို ကျေးဇူးတင်တဲ့အကြောင်း ဘန်နမ်က ပြောထားပါတယ်။

ဘန်နမ်ဟာ ၁၀ နှစ်အတွင်း ၇ ယောက်မြောက် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာဖို့ ရှိနေပါတယ်။ တတိယအကြိမ်က သူ့အတွက် ကံကောင်းတယ်လို့ မျှော်လင့်ရတဲ့အကြောင်းလည်း ဘန်နမ်က ပြောပါတယ်။

ဘန်နမ်ဟာ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းကလည်း ပါတီခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အသက် ၅၆ နှစ်အရွယ်ရှိ ဘန်နမ်ဟာ ၂၀၁၇ ကနေ ၂၀၂၆ ခုနှစ်အထိ ဂရိတ်တားမန်ချက်စတာမြို့တော်ဝန် အဖြစ် ၉ နှစ်ကြာ ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013