DVB Logo
Home
မြန်မာသတင်း
ကလိန်အောင်-ရေဖြူလမ်းတွင် နယ်ထိန်းနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ စီးလာသည့်ကား မိုင်းဆွဲခံရ
DVB
·
August 20, 2022
ကလိန်အောင်-ရေဖြူလမ်းတွင် နယ်ထိန်းနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ စီးလာသည့်ကား မိုင်းဆွဲခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်နယ်မြေရဲစခန်းက နယ်ထိန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက် လိုက်ပါလာတဲ့ အိမ်စီးကားတစီး သြဂုတ် ၁၉ ရက် မနက် ၉ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

အဆိုပါကားပေါ်မှာ နယ်ထိန်း၊ ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူးလက်ထောက်နဲ့ လောင်းကစားဒိုင်တို့ လိုက်ပါလာတာဖြစ်ပြီး  ကလိန်အောင်မြို့နဲ့ ရေဖြူမြို့အကြား ကျောက်ရှပ်ရွာအနီး မိုင်တိုင် အမှတ် ၄၀ မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဇာဒီရွာသားတဦးက “ကားပေါ်မှာပါတာက ဗိုလ်လေး၊ ဇာဒီအုပ်ကြီးကျော်ဦး၊ အုပ်ကြီးလက်ထောက် ဦးကုလား နဲ့ ပယရွာက ဦးဖေဝင်း (လောင်းကစားဝိုင်းပြုလုပ်သူ) သူတို့လေးယောက်ပါတယ်။ ဗိုလ်လေးက ခြေထောက်အတော်ထိသွားတယ်။ ဦးကုလားက သေနတ်ဒဏ်ရာလည်းရထားတယ်၊ ကျန်နှစ်ယောက်က ဒဏ်ရာသိပ်မပြင်းဘူး။ အခုရေတပ်ဆေးရုံမှာပါ၊ သူတို့ဘက်ကတော့ သတင်းမပေါက်ကြားအောင်တော့ ထိန်းနေတာပဲ” လို့ ပြောပါတယ်။

ကံပေါက်ရွာသားတဦးက “မနက်က အုန်းပင်ကွင်းရွာက မောရဝတီစစ်ဆေးရုံမှာ ကလိန်အောင်လမ်းပိုင်းကနေ နယ်ထိန်းအပါအဝင် အရေးပေါ်လူနာအနေနဲ့  ၂ ယောက်ရောက်လာပြီး သွေးအသည်းအသန် ရှာနေတယ်၊ ဒဏ်ရာပြင်းပြင်းရခဲ့တာဖြစ်မယ်” လို့ ပြောပါတယ်။

အခုမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကားဟာ ကံပေါက်နယ်မြေရဲစခန်းက ကားမဟုတ်ဘဲ အိမ်စီးကားတစီး ဖြစ်ပြီး ဘယ်သူရဲ့ကားဖြစ်တယ်ဆိုတာ မသိရသေးသလို  သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်တာမျိုးမ တွေ့ရသေးပါဘူး။

ကံပေါက်နယ်မြေရဲစခန်းမှာတော့ သြဂုတ် ၁၉ ရက် ညနေပိုင်းမှာ မောရဝတီရေတပ်ကစစ်သားတွေ ရောက်ရှိပြီး လုံခြုံရေးတင်းကြပ်နေတယ်လို့သိရပါတယ်။

ကလိန်အောင် - ထားဝယ် လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013