DVB Logo
Home
Lead Story
ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းပေါင်း ၁၉၄ မှု ဖြစ်ခဲ့ပြီး လူ ၁၅ ဦးသေဆုံး
DVB
·
April 17, 2014
ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းပေါင်း ၁၉၄ မှု ဖြစ်ခဲ့ပြီး လူ ၁၅ ဦးသေဆုံး
Donate to DVB

ဒီနှစ်သင်္ကြန်ကာလအတွင်း တနိုင်ငံလုံးမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၁၉၄ ခု ဖြစ်ပွားခဲ့ကာ လူ ၁၅ ယောက်သေဆုံးပြီး ၁၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

1Water Festival2014အများဆုံးမှုခင်းဖြစ်တဲ့ ခိုက်ရန်ဖြစ်ပွားတာက ၆၄ ခုဖြစ်ခဲ့ပြီး ၁၀၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ ယာဉ်တိုက်မှု ၂၅ မှု မှာ ၄ ယောက်သေဆုံးပြီး ၈၈ ယောက်ဒဏ်ရာရခဲ့တယ် လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားတာဟာ မနှစ်ကထက် ၁၇ ခု တိုးလာပြီး သေဆုံးသူကတော့ ၁၇ ယောက် လျော့သွားခဲ့တာပါ။

သင်္ကြန်အကြိုနေ့မှာ မှုခင်း ၁၃ ခု၊ အကျနေ့မှာ ၄၀၊ အကြတ်နေ့မှာ ၆၀ နဲ့ အတက်နေ့မှာတော့ အများဆုံးဖြစ်ခဲ့ပြီး ၇၈ ခု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်ပွားတာတွေ လျော့နည်းဖို့အတွက် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက ကွပ်ကဲမှုရုံးတွေ ဖွင့်လှစ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013