DVB Logo
Home
မြန်မာသတင်း
အင်ပါယာရော့ခ်တီးဝိုင်း၏ ဂီတပညာရှင် ဂျွန်အိုဟာရာ ကွယ်လွန်
DVB
·
August 19, 2022
အင်ပါယာရော့ခ်တီးဝိုင်း၏ ဂီတပညာရှင် ဂျွန်အိုဟာရာ ကွယ်လွန်
Donate to DVB

မြန်မာပြည်ရဲ့ နာမည်ကြီးရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ အင်ပါယာရဲ့ ဂီတပညာ ရှင် ဂျွန်အိုဟာရာဟာ  ဩဂုတ် ၁၈ ရက်ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မိသားစုထံက သိရပါတယ်။

ဂျွန်အိုဟာရာရဲ့ သမီးဖြစ်တဲ့ Deborah O'Hara က “Rest In Peace Daddy 18.8.2022 10:58pm မှာပါးပါးခရစ်တော်၌အိပ်ပျော်သွားပါပြီ… ရုပ်အလောင်းကို အင်းစိန်ဗဟိုလမ်း မျက်မမြင် ကျောင်းအနီး'သတင်းကောင်း'ဘုရားကျောင်းမှာထားရှိပါတယ်။ ​သင်္ဂြိုဟ်မယ့် နေရာ၊ နေ့ရက်အချိန်ကို ဖိတ်စာနဲ့တကွ တင်ပေးပါ့မယ်။  Love U Daddy” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။

အင်ပါယာတေးဂီတအဖွဲ့ကိုတော့ ၁၉၈၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အဆိုတော် ဇော်ဝင်းထွဋ်နဲ့အတူ ၁၉၈၉ ခုနှစ်လောက်ကနေ စတင်အောင်မြင်လာခဲ့တဲ့  မြန်မာနိုင်ငံရဲ့ ပထမဆုံး ရော့ခ်ဂီတဝိုင်း တခုအနေနဲ့ အသိအမှတ်ပြုကြရပြီး ဂျွန်အိုဟာရာဟာ အင်ပါယာ ဝိုင်းတော်သားတွေဖြစ်တဲ့ ဇော်မျိုးထွဋ်၊ လီယိုနာ့ဒ် မောင်မောင်လွင်၊ ဒရမ် ရဲလင်း၊ ကိုမြတ်မိုးစတဲ့သူတွေနဲ့အတူ ဆယ်စုနှစ်ပေါင်းများစွာ လက်တွဲပြီးတော့ ပါဝင်တီးခတ်ခဲ့သူ ဖြစ်ပါတယ်။

ဇော်ဝင်းထွဋ်ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် သိစေခဲ့တဲ့တဲ့အပြင် အင်ပါယာတေးဂီတအဖွဲ့ကိုပါ ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ထဲ အတွဲညီညီပါဝင်ခဲ့တဲ့ ဂျွန်အိုဟာရာရဲ့ ကွယ်လွန်သွားတဲ့ သတင်းအပေါ် ဂီတအနုပညာအသိုင်းအဝိုင်းကရော ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေထားကြတာကို တွေ့ရပါတယ်။

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်တဲ့ မေခိုင်အုန်းကလည်း ဒီသတင်းအပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ရေးသားမျှဝေထားသလို လီယိုနာ့ဒ် မောင်မောင်လွင်ကလည်း “ကျွန်တော်နဲ့အတူ တီးဝိုင်းများစွာမှာအတူတီးခဲ့တဲ့ကိုဂျွန်… အချိန်အကြာကြီး အတူရှိနေခဲ့တဲ့ကိုဂျွန်… အမြဲသတိရနေရတော့မယ့် ကိုဂျွန်… ငြိမ်းချမ်းပါစေ Rock in peace” လို့ ရေးသားမျှဝေထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013