DVB Logo
Home
မြန်မာသတင်း
ဦးဝင်းတင် ကျောက်ကပ်နှင့် သက်ဆိုင်တဲ့ရောဂါ ဖြစ်နေ
DVB
·
April 17, 2014
ဦးဝင်းတင် ကျောက်ကပ်နှင့် သက်ဆိုင်တဲ့ရောဂါ ဖြစ်နေ
Donate to DVB

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ ရောဂါကို ခံစားနေရတယ်လို့ ပြုစု စောင့်ရှောက်နေတဲ့သူတွေက ပြောပါတယ်။

[caption id="attachment_35213" align="alignright" width="300"]ဦးဝင်းတင် ဦးဝင်းတင်[/caption]ဦးဝင်းတင်ဟာ အရင်နေ့တွေက စတင်ပြီး ဆီးသွားတာ နည်းသွားတဲ့အတွက် ကိုယ်လက်တွေ ယောင်ရမ်းလာတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုစောင့်ရှောက်ကုသပေးနေတဲ့ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောပါတယ်။

ဧပြီ ၁၆ ရက်နေ့မှာတော့ ကျောက်ကပ် သိပ်မကောင်းတဲ့အတွက် ဆီးနည်းလာသလို ဆီးသွားအောင် လုပ်ဆောင်ပေးနေတယ်လို့ သူက အခုလို ပြောပါတယ်။

“ကျောက်ကပ် သိပ်မကောင်းလို့ ဆီးက သိပ်မသွားလို့ ဆီးသွားအောင် လုပ်ပေးနေပါတယ်။ တိုးတက်တယ်လို့တော့ ပြောလို့ မရဘူးပေါ့နော်။ အခု ကျောက်ကပ်က အဲဒီလိုဖြစ်ပြန်ပြီဆိုတော့ ဒီအတိုင်းပဲ ဖြစ်နေတာပေါ့။ ခြေထောက်တွေ လက်တွေ ယောင်လာတဲ့အခါတော့ နာလာတာပေါ့။ နာတော့ မှိန်းနေတာပေါ့ စကားတွေပြောစရာရှိရင်တော့ ခေါ်ပြောတယ်။ ဆီးနည်းသွားတာပေါ့ ဆီးကတော်တော်လေး နည်းသွားတယ်။ တနေ့က စပြီး နည်းလာတာပေါ့။ မနေ့ကဆိုရင် တော်တော်လေး နည်းတယ်။ အခုဟာက တခုချင်း တခုချင်း ဖြစ်ဖြစ်နေတာဆိုတော့လေ၊ အသက်ကြီးတာလည်း ပါတယ်လို့ ဆရာဝန်မကြီးတွေက ပြောတယ်။ ခြေတွေ လက်တွေက မနေ့က စယောင်တယ်။ ဒီနေ့ဆို တော်တော်လေး ဖောင်းလာတယ်။”

အသက်အရွယ်ကြီးရင့်ပြီး ဖြစ်တဲ့အတွက် အခုလို ဖြစ်နေတယ်လို့ ဆရာဝန်တွေက ပြောတဲ့ အကြောင်းနဲ့ အထူးကြပ်မတ်ဆောင်မှာ ဆက်လက်ကုသခံယူနေတဲ့အကြောင်းနဲ့ အခြေအနေ ကတော့ စောင့်ကြည့်ရမယ့် ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

အရင်ရက်ပိုင်းကအထိ ဆန်ပြုတ်အထိ သောက်နိုင်ပေမယ့် အခုတော့ အရည်ကိုပဲ စားနေရတယ်လို့ ဆိုပါတယ်။

ဧပြီ ၂ ရက်နေ့မှာတော့ ၀မ်းထဲမှာ သွေးတွေ ပါလာတဲ့အတွက် စောင့်ကြည့်ခဲ့ရာက အခြေအနေက တိုးတက်လာခဲ့ပြီး အခု တကြိမ် ဆီးနည်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်ကို မတ် ၁၂ ရက်နေ့က စတင်ပြီး ဂရင်းခရော့စ် ခေါ် မော်တင်ဆေးရုံမှာ စတင်ခဲ့တာဖြစ်တဲ့ အတွက် ဆေးရုံပေါ်မှာ ကုသခံနေရတာ ၁ လကျော်သွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013