DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ် ဖြေလျှော့ပေးသည့် ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ရက် ၃၀ အတွင်း သုံးစွဲရမည်
DVB
·
August 17, 2022
ဗဟိုဘဏ် ဖြေလျှော့ပေးသည့် ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ရက် ၃၀ အတွင်း သုံးစွဲရမည်
Donate to DVB

တရက်အတွင်း မြန်မာကျပ်ငွေ မဖြစ်မနေ လဲလှယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ရထားတဲ့ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း သုံးစွဲရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အသိပေးထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်က ပို့ကုန်တင်ပို့မှုကနေ ရရှိတဲ့ နိုင်ငံခြားငွေအားလုံးကို ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းနဲ့ တရက်အတွင်း မဖြစ်မနေ လဲလှယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို သြဂုတ် ၅ ရက်ကစတင်ပြီး ၆၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ရမယ်လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

ကျန် ၃၅ ရာခိုင်နှုန်းကိုတော့ ပို့ကုန်တင်ပို့သူက ကိုယ်တိုင်အတွက် သုံးစွဲနိုင်သလို လွှဲပြောင်းရောင်းချနိုင်တယ်လို့ ဆိုပါတယ်။

ပို့ကုန်တင်ပို့သူအနေနဲ့ ပို့ကုန်ရငွေ ပမာဏရဲ့ ၃၅ ရာခိုင်နှုန်းကို မိမိကိုယ်တိုင်အတွက် သုံးစွဲတာ၊ AD လိုင်စင်ရ ဘဏ်မဟုတ်တဲ့ တခြားသူတွေဆီ လွှဲပြောင်းတာနဲ့ AD လိုင်စင်ရ ဘဏ်တွေထံ ရောင်းချတာတွေကို ဆောင်ရွက်နိုင်မယ်လို့ အသိပေး ထုတ်ပြန်ထားတာပါ။

ပို့ကုန်တင်ပို့သူတွေထံကနေ လွှဲပြောင်းရယူထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကတော့ သူတို့လွှဲပြောင်းရယူထားတဲ့ ပို့ကုန်ရငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲတာနဲ့ AD လိုင်စင်ရဘဏ်တွေထံ ပြန်ရောင်းချတာကိုပဲ ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလိုဆောင်ရွက်မှုတွေကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း လုပ်ဆောင်ရမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း သုံးစွဲမှုမရှိတဲ့ ကျန်ငွေကို AD လိုင်စင်ရ ဘဏ်တွေကို မဖြစ်မနေ ရောင်းချရမယ်လို့ သတ်မှတ်ထားပြန်ပါတယ်။

ဒါ့အပြင် အဲဒီပို့ကုန်ရငွေနဲ့ နယ်စပ်ဖြတ်ကျော် ငွေလွှဲပို့တာတွေ ဆောင်ရွက်ရာမှာလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ အတည်ပြုချက် ရယူရမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013