DVB Logo
Home
Lead Story
သင်္ကြန် ၂ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မှုခင်းပေါင်း ၄၀ ဖြစ်
DVB
·
April 16, 2014
သင်္ကြန် ၂ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မှုခင်းပေါင်း ၄၀ ဖြစ်
Donate to DVB

ဒီနှစ်သင်္ကြန်ကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၄၀ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၁၄ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

1508572_687173707987799_1682232737214425204_nရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မှုခင်းပေါင်း ၃၅ ခု ဖြစ်ပွားခဲ့ပြီး ယဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ယောက်၊ ဒဏ်ရာရသူ ၁၁ ယောက်ရှိပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာပဲ ခိုးမှုနဲ့ ခါးပိုက်နှိုက်မှု ၁၃ ခု ဖြစ်ခဲ့ပါတယ်။ မှုခင်း ဖြစ်စဉ်တွေကြောင့် စုစုပေါင်း သေဆုံးသူ ၆ ယောက်ရှိပြီး ဒဏ်ရာရတဲ့သူ ၁၇ ယောက်ရှိပါတယ်။

သင်္ကြန်ကာလတခုလုံးအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူ စာရင်းတွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013