DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ် (ဓာတ်ပုံ)
DVB
·
August 16, 2022
မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ် (ဓာတ်ပုံ)
1 / 12
Donate to DVB

မွန်ပြည်နယ်တဝန်းမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့အတွက် စာသင်ကျောင်းတချို့ ယာယီပိတ်ထားလိုက်ရသလို ကျေးရွာအနိမ့်ပိုင်းက အိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

သြဂုတ် ၁၆ ရက် မနက်ပိုင်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် မုဒုံမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်တို့က စာသင်ကျောင်းတချို့မှာ ကျောင်းထဲ ရေတွေဝင်ရောက် လာတာကြောင့် ကလေးတွေကို အိမ်ပြန်လွှတ်ပြီး စာသင်ကျောင်းတွေ ယာယီပိတ်လိုက်တာ ဖြစ်ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံနေတဲ့အတွက် မုဒုံ-သံဖြူဇရပ် ကားလမ်းနဲ့ မော်လမြိုင်-ရန်ကုန် ကားလမ်း ရေကျော်တာတွေ ဖြစ်ပေါ်နေသလို ဆိုင်ကယ်နဲ့ ကားငယ်တွေ ဖြတ်သန်းသွားခွင့် ကန့်သတ်ထားပြီး ကားကြီးတွေကိုသာ ဖြတ်သန်းသွားလာခွင့် ပေးထားတာပါ။

မွန်ပြည်နယ်မှာ ရေကြီးရေလျှံတာကို မုဒုံ၊ ရေး၊ ပေါင်နဲ့ မော်လမြိုင်တို့မှာ ကြုံတွေ့နေရပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာတွေက နေအိမ်တွေကို ယာယီပြောင်းရွှေ့တာတွေ လုပ်ဆောင်နေတာပါ။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း အနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ အရေးပေါ်အကူအညီ အချိန်မရွေးတောင်းခံကြဖို့ တိုက်တွန်းထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာမှာလည်း သြဂုတ် ၁၅ ရက် ညပိုင်းကတည်းက မိုးအဆက်မပြတ် ရွာပြီးနောက် အတ္ထရံမြစ်ရေ လေးပေလောက်အထိ မြင့်တက်လာတဲ့အတွက် ကျေးရွာအနိမ့်ပိုင်းက အိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကျေးရွာအနိမ့်ပိုင်းက အိမ်ခြေ ၅၀ နီးပါး အပါအဝင် မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို အရေးပေါ် ပြောင်းရွှေ့နေရတာပါ။

ကျိုက်မရောမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တယောက်ကလည်း ဦးလေးကျေးရွာရဲ့ အခြေအနေကို အားလုံးစောင့်ကြည့်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ အသင့်ပြင်ထားတယ်လို့ ပြောပါတယ်။

ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာဟာ နှစ်စဉ် ရေကြီးရေလျှံမှုတွေ ကြုံနေရသလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရေကြီးရေလျှံမှုမှာတော့ ဒေသခံ တယောက် သေဆုံးခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုကြောင့် လူပေါင်း ၇၀ နီးပါး သေဆုံးခဲ့သလို သဘာဝဘေးသင့် ဒုက္ခသည် သိန်းနဲ့ချီ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013