DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးချိန်မှစ ကရင်နီပြည်တွင် တိုက်ပွဲအကြိမ် ၄၂၀ ဖြစ်ပွား၊ စစ်ကောင်စီဘက်က ၁၃၀၀ နီးပါးသေဆုံး
DVB
·
August 16, 2022
စစ်အာဏာသိမ်းပြီးချိန်မှစ ကရင်နီပြည်တွင် တိုက်ပွဲအကြိမ် ၄၂၀ ဖြစ်ပွား၊ စစ်ကောင်စီဘက်က ၁၃၀၀ နီးပါးသေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုနှစ် ဩဂုတ် ၁၅ ရက်အထိ ကရင်နီပြည်နယ်မှာ တိုက်ပွဲအကြိမ်ရေ ၄၂၀ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၁၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု Progressive Karenni People Force – PKPF က စာရင်းပြုစုထုတ်ပြန်ထားတာဖြစ်ပြီး အခုနှစ် ၂၀၂၂ ခုနှစ်အတွင်းမှာတော့ တိုက်ပွဲအကြိမ်ရေ ၂၈၈ ကြိမ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီယာဉ်တန်းပျက်စီးမှုအရေအတွက်မှာတော့ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ၁၉ စီးပျက်စီးခဲ့ပြီး အခုနှစ်ထဲမှာ ၃၅ စီးပျက်စီးခဲ့တာပါ။

ဒါ့အပြင် တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အရေအတွက် ၁၅၀ နီးပါးရှိနေခဲ့ပြီး အဲဒီထဲက ၁၀၈ ယောက်ကတော့ အခုနှစ်ထဲမှာ ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၆ ရက်အထိ  တလတာကာလအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၂,၁၅၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013