
ဒီနှစ် မြန်မာ့သင်္ကြန်ပွဲတော်ရက်အတွင်း အရက်ကုမ္ပဏီကြီးတွေရဲ့ စပွန်ဆာနဲ့ စင်ပေါ်တက် ကော့ကန်ကားလုပ်ပြနေသူတွေကို ထိုင်ကြည့်နေတဲ့အစိုးရကို မကြိုက်ဘူးလို့ စာရေးဆရာ ကြည်မင်းက ဝေဖန် ပြောကြားလိုက်ပါတယ်။
ဒီလို လုပ်နေသူတွေဟာ ကွက်ကွက်ကလေး လူနည်းစုပဲ ဖြစ်တာမို့ မြန်မာ့သင်္ကြန် ပျက်ပြီလို့တော့ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဒီနှစ် သင်္ကြန်တွင်း ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ ရှိတဲ့ အရက်ကုမ္ပဏီတခုရဲ့ ဖျော်ဖြေရေးမဏ္ဍပ်မှာ ထိုင်းနိုင်ငံက အမျိုးသမီးအကတဖွဲ့ရဲ့ ကပြဖျော်ဖြေခဲ့ပုံတွေဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ် တက်လာပြီး လူပြောသူပြော များခဲ့ပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ စာရေးဆရာ ကြည်မင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား ပါတယ်။
အပြည့်အစုံ နားဆင်နိုင်ပါတယ်။










