DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတိုက်ပွဲများတွင် သြဂုတ်လဝက်အတွင်း စစ်ကောင်စီ တပ်သား ၂၀ ကျော်သေဆုံး
DVB
·
August 16, 2022
ကရင်နီဒေသတိုက်ပွဲများတွင် သြဂုတ်လဝက်အတွင်း စစ်ကောင်စီ တပ်သား ၂၀ ကျော်သေဆုံး
1 / 2
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်မှာ အခု သြဂုတ်လဝက်အတွင်း တိုက်ပွဲတွေကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

သြဂုတ် ၈ ရက် ညနေပိုင်းမှာ လွိုင်ကော် - ရှားတော လမ်းမပေါ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပွန်ချောင်းတပ်စခန်းကို ကရင်နီတပ်မတော် (KA)၊ KNDF B02 နဲ့ B14 တို့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က တယောက်သေဆုံးပြီး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၇ ရက်က ရှားတောမြို့နယ် တငူဆိုး တပ်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်နဲ့  ကရင်နီတပ်မတော် (KA)၊ KNDF B12, B14, B17 ပူးပေါင်းတပ်တို့ ရှားတောမြို့နယ် တစ်နေရာမှာတိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့သလို သြဂုတ် ၉ ရက်နေ့မှာလည်း ရှားတောမြို့နယ်ထဲမှာ တိုက်ပွဲ တကြိမ် ထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ လွိုင်လင်လေးမြို့နယ်၊ ဒေါပါပကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာထဲက ဆေးပေးခန်းနဲ့ လူနေအိမ်တွေ ထိမှန် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁ ယောက် ဗုံးထိမှန်သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဖရူဆိုမြို့နယ်မှာလည်း  သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းက ဆိုလျားကူးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ၃ နာရီ ကြာလောက် ခုခံတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် တ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့မှာ ဖရူဆိုမြို့ အခြေစိုက် အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းက ဖရူဆိုမြို့နယ်အရှေ့ဖက်ခြမ်းကို  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်တွေကို KNDF B15 က အလစ်အငိုက်တိုက်ခဲ့လို့  စစ်ကောင်စီတပ်ဘက်က တယောက် သေဆုံးခဲ့ပါတယ်။

သြဂုတ် ၁၃ ရက်မှာတော့  ဖရူဆိုမြို့ အခြေစိုက် ခမရ ၅၃၁ ကနေ  ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ လောက်ပါတဲ့  စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) နဲ့ KNDF B15 တို့က ခုခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။ 

အဲဒီနေ့မှာပဲ ဖရူဆိုမြို့နယ် ခေါတမောကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အရပ်သား ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် စာသင်ကျောင်းနားမှာ  ဩဂုတ် ၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့  KNDF B09 တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့သလို ညနေပိုင်းမှာလည်း  KNDF B10 နဲ့ B19 တို့က ဒီးမော့ဆိုမြို့မရဲစခန်းကို အလစ်အငိုက်ဝင်တိုက်ခဲ့လို့  စစ်ကောင်စီတပ်ဘက်က ထိခိုက်တာတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဩဂုတ် ၁၀ ရက်နေ့က သေးဆူလဲကျေးရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော် (KA) နဲ့ KNDF B05 တို့က ပြောက်ကျားတိုက်ခိုက်ခဲ့လို့  စစ်ကောင်စီတပ်သားတွေ ထိခိုက်ခဲ့ပြီး သြဂုတ် ၁၂ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ရူဖယ်ခူရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနားမှာ စစ်ကောင်စီတပ်နဲ့  KNDF B19 တို့ တိုက်ပွဲ ဖြစ်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က တယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဘောလခဲမြို့နယ်မှာလည်း သြဂုတ် ၁၁ ရက်က စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော်နဲ့ KNDF B21 တို့က အလစ်အငိုက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်သား တယောက်သေဆုံးခဲ့ပါတယ်။

သြဂုတ် ပထမပတ်က ဒီးမော့ဆို၊ ဖယ်ခုံ၊ ဘောလခဲနဲ့ လွိုင်ကော်မြို့တို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၅ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013