DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ထဲထဲဝင်ဝင် မြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
DVB
·
April 16, 2014
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ထဲထဲဝင်ဝင်  မြင်ဖို့  ဒေါ်အောင်ဆန်းစုကြည်က  တိုက်တွန်း
Donate to DVB

မိတ်ဖက်နိုင်ငံတွေအနေနဲ့  မြန်မာနိုင်ငံရဲ့  ပြဿနာတွေကို ထဲထဲဝင်ဝင်  မြင်ဖို့  ဒေါ်အောင်ဆန်းစုကြည်က  တိုက်တွန်းခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ ဖရန့်ကွက် ဟော်လန်ဒီ (Francois Hollande)နဲ့ ဧပြီ ၁၅ ရက်နေ့က တွေဆုံခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_54902" align="alignright" width="300"] ဒေါ်အောင်ဆန်းစုကြည်နဲ့  ပြင်သစ်သမ္မတ ဖရန့်ကွက် ဟော်လန်ဒီ တို့ ဧပြီ ၁၅ ရက်နေ့က တွေဆုံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ ဖရန့်ကွက် ဟော်လန်ဒီ တို့ ဧပြီ ၁၅ ရက်နေ့က တွေဆုံ[/caption]

တွေ့ဆုံမှုအပြီး ပှုးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ပြန်လည်ဖြေရှင်းနိုင်ဖို့က အပေါ်ယံဘဲ မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ကိစ္စရပ်တွေ သိပ်များပါတယ်။ ဒီကိစ္စတွေကို မိတ်ဆွေနိုင်ငံတွေအနေနဲ့ ကောင်းစွာ နားလည်း သဘောပေါက်စေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အပေါ်ယံသဘော သက်သက်သာ မြင်တာထက် ထဲထဲဝင်ဝင် သဘောပေါက်ဖို့လိုတဲ့အကြောင်း လက်ရှိ ပြဿနာတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုင်ကွယ် ဖြေရှင်းတာတွေ မလုပ်မချင်းတော့ ဒီပြဿနာတွေ ချက်ချင်းလက်ငြင်း ပျောက်သွားနိုင်မှာ မဟုတ်ကြောင်းလည်း” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြင်သစ်သမ္မတ ဟော်လန်ဒီကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာ အနှောင့်အယှက် ဖြစ်ရတာတွေကို စိုးရိမ်တဲ့ အကြောင်း ပြောပါတယ်။

“ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်း ပါဝင်လာအောင်  လုပ်ဆောင်နေပါတယ်။ တခြားဥရောပနိုင်ငံ လုပ်ဖော်ကိုင်ဖက်တွေလည်း လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ စိန်ခေါ်မှုနဲ့ အတားအဆီးတွေကို စိုးရိမ်မှုတွေ ရှိတဲ့အကြောင်း ဒီကိစ္စတွေအပေါ်ကို အလေးထား ဂရုစိုက်မှုတွေ ရှိတဲ့အကြောင်း” ပြင်သစ်သမ္မတက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဂျာမနီနိုင်ငံခရီးစဉ်အပြီး ဧပြီ ၁၄ ရက်နေ့က ပြင်သစ်နိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတအပြင် ပြင်သစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လွှတ်တော်အကြီးအကဲ တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဧပြီ ၁၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013