DVB Logo
Home
မြန်မာသတင်း
ရခိုင်၊ ရန်ကုန်နှင့် မွန်တို့၌ တပတ်အတွင်း နေရာကွက်ပြီး မိုးကြီးရေလျှံနိုင်ဟု NUG သတိပေး
DVB
·
August 15, 2022
ရခိုင်၊ ရန်ကုန်နှင့် မွန်တို့၌ တပတ်အတွင်း နေရာကွက်ပြီး မိုးကြီးရေလျှံနိုင်ဟု NUG သတိပေး
1 / 7
Donate to DVB

လာမယ့် ဩဂုတ် ၂၁ ရက်အထိ ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီးတော့ မိုးကြီးရေလျှံနိုင်ပြီး ရေကြီး မြေပြိုဘေးတွေ ကြုံတွေ့ရနိုင်တယ်လို့ NUG အစိုးရက သတိပေးထုတ်ပြန်ထားပါတယ်။

NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်မှာ ခုလိုသတိပေးထားတာဖြစ်ပြီး ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်တွေမှာလည်း မြစ်ရေတွေ အနည်းငယ် ဆက်လက်မြင့်တက်လာနိုင်ပြီး ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရမယ်လို့လည်း ဖော်ပြပါတယ်။

ခုတပတ်ဟာ မုတ်သုံလေအားကောင်းစေမယ့် လက္ခဏာတရပ်ဖြစ်တဲ့ မုတ်သုံမုန်တိုင်းငယ်လေး တခု အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်ကို ရွေ့လျားအဆုံးသတ်နိုင်တာ၊ နောက်ထပ် မုတ်သုံလေဖိအားနည်း ဆဲလ်တခု ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ထပ်မံဖြစ်ပေါ်လာ နိုင်တာရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံဘက်မှာ မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013