
ဂျာမနီနိုင်ငံကိုရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၂ ရက်နေ့ ဘာလင်တံတိုင်းကို သွားရောက်လေ့လာခဲ့ပါတယ်။
ဧပြီလ ၁၂ ရက်နေ့ မနက်စောစောမှာ ဘာလင်တတိုင်းကြီးကို သွားရောက်လေ့လာခဲ့အပြီးမှာ ဖယ်ဒရယ်အစိုးရ သတင်းအဖွဲ့ ရုံးမှာ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဖြစ်နိုင်ရင် ကျမသမ္မတ ဖြစ်ချင်တယ်။ ဒါပေမယ့် ဒါက လွယ်တယ်လို့တော့ မထင်ပါဘူး။ ပြည်သူတွေကို အမြဲတမ်း ပြောခဲ့ပါတယ်။
ဒီမိုကရေစီနဲ့ ပြည်သူတွေလိုချင်တဲ့ လူမှုအသိုင်းအဝိုင်းမျိုးရရှိဖို့ ကြိုးစားအားထုတ်တဲ့ သူတွေ ကနေဘဲ ရွေးချယ်နိုင်မယ့်နေရာ သူတို့ကနေပဲ အစိုးရကို ဦးဆောင်ဦးရွက်မယ့်သူ ဖြစ်ဖို့လည်း ဆန္ဒရှိတယ်လို့ အဲ့ဒီရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ဒါ့အပြင် ဂျာမန် လွတ်တော်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ဂျာမန်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။











