DVB Logo
Home
မြန်မာသတင်း
ပန်ဆိုင်း၌ အမည်မသိအဖွဲ့၏ဖမ်းဆီးခံရပြီး ထွက်ပြေးခဲ့သည့်လူငယ် မိသားစုနှင့်အဆက်အသွယ်ရ
DVB
·
August 14, 2022
ပန်ဆိုင်း၌ အမည်မသိအဖွဲ့၏ဖမ်းဆီးခံရပြီး ထွက်ပြေးခဲ့သည့်လူငယ် မိသားစုနှင့်အဆက်အသွယ်ရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့မှာ အမည်မသိအဖွဲ့ရဲ့ ဖမ်းဆီး‌တာ ခံရပြီး ကျည်ထိမှန် ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အသက် ၂၀ အရွယ် ဆိုင်းနော်ဟာ ဩဂုတ် ၁၃ ရက်က မိသားစုနဲ့အဆက်အသွယ် ပြန်ရပြီး လုံခြုံတဲ့နေရာမှာ ဆေးကုသမှု ခံနေတယ်လို့ ဆိုင်းနော်ရဲ့အကိုက ပြောပါတယ်။

ဆိုင်းနော်ကို လယ်ကွင်းထဲမှာ တွေ့တာကြောင့် လယ်ကွက်ပိုင်ရှင်က ကယ်ထားတာဖြစ်ပြီး လုံခြုရေးအရ တွေ့ရှိတဲ့နေရာနဲ့ ဆေးကုသမှု ခံယူနေတဲ့ နေရာကို ပြောလို့ မရ‌သေးဘူးလို့ သူက ဆက်ပြောပါတယ်။

"ဆိုင်းနော်က သေနတ်ကျည် ထိထားတာ။ လက်မှာရော၊ ဗိုက်မှာရော၊ ပေါင်မှာရော၊ ခြေသလုံးမှာရော ၄ ချက်ပေါ့။" 

တခြားမြို့ကနေ ညီအစ်ကိုနှစ်ယောက်လုံး ကြူကုတ်(ပန်ဆိုင်း)မြို့မှာ သွားရောက် အလုပ်လုပ်ကြတာဖြစ်ပြီး ဩဂုတ် ၉ ရက် ညနေ ၃ နာရီခွဲခန့်က ပန်ဆိုင်းဈေးထိပ်မှာ စားစရာ ဝယ်ပြီး အပြန် သေနတ်အရှည်၊ ပစ္စတိုတွေပါတဲ့ အမည်မသိ လူ ၄ ယောက်က သေနတ်ထောက် ဖမ်းဆီးကာ ကားနဲ့ ခေါ်ဆောင်သွားခံရတာ ဖြစ်ပါတယ်။ 

အခုလို ဖမ်းဆီးခေါ်ဆောင်ချိန် မြို့အထွက်အရောက် လူငယ် ၁ ယောက်ကို ထပ်မံဖမ်းဆီးခဲ့ပြီး နမ့်တောင်းဘက်သွားလမ်းမှာ လက်နက်ကိုင်အဖွဲ့ တဖွဲ့က လှမ်းတားရာ မရပ်ပေးတာကြောင့် သေနတ်နဲ့ပစ်ခတ်လို့  သေနတ်ကျည် ထိမှန်ခဲ့ပြီး ၂နာရီလောက်အကြာ ကားခဏရပ်ချိန် ညအမှောင်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကာ လယ်ကွင်းထဲရောက်သွားတာ ဖြစ်ပါတယ်။

ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ ဒဏ်ရာရထားတဲ့ဆိုင်းနော်ဟာ ဩဂုတ် ၉ ရက် ည ၁၀နာရီလောက်မှာ အကိုဖြစ်သူထံ ဖုန်း ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် အဆက်အသွယ်ပြတ်ကာ ၄ ရက်ကြာမှ အဆက်အသွယ် ပြန်ရခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။  

မူဆယ်ခရိုင်မှာ အခုနှစ်အတွင်း ကွတ်ခိုင်နဲ့နမ်းခမ်းဘက်မှာ မူလတန်းကလေးငယ်တချို့ ပြန်ပေးဆွဲ ခံ ရပြီးငွေပေး ပြန်ရွေးယူရတဲ့ဖြစ်စဉ် တချို့ ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြန်ပေးဆွဲမှု နဲ့ လူသတ်မှုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့တွေမှာ ၂၀၂၁ နောက်ပိုင်း အများဆုံး ဖြစ်ပွားလာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013