DVB Logo
Home
မြန်မာသတင်း
RPG ပရောဂျက်တွင် ပူးပေါင်းပါဝင်ပေးရန် မင်းကင်း PDF မေတ္တာရပ်ခံ
DVB
·
August 14, 2022
RPG ပရောဂျက်တွင်  ပူးပေါင်းပါဝင်ပေးရန် မင်းကင်း PDF မေတ္တာရပ်ခံ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့  RPG ပရောဂျက်မှာ ပြည်သူတွေပါဝင်ပေးဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်ထားတယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မြစ်ရိုးအောက်ဒေသ) ခေါင်းဆောင် ဗိုလ်သံလုံးက ပြောပါတယ်။

ကုန်းလမ်းနဲ့ ရေလမ်းကြောင်းတွေကို အသုံးပြုနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ ပိုမို ထိရောက်စေဖို့ ရည်ရွယ်ပြီး RPG ပရောဂျက်ကို ဇူလိုင် ၂၆ ရက်က စတင် အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး ပရောဂျက်ဟာ သြဂုတ် ၃၁ ရက်အထိ ဖြစ်တယ်လို့ သိရပါတယ်။ 

ဗိုလ်သံလုံးက "မင်းကင်းမြို့နယ်မှာ အခုနောက်ပိုင်း စစ်ကောင်စီတပ်တွေက ရေကြောင်းကနေ ထိုးစစ်ဆင်လာတာတွေ ရှိလာတယ်။ သူတို့ရဲ့ ရေယာဥ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ လက်လုပ်ပြောင်းတွေနဲ့ တိုက်ခိုက်တာတွေဟာ ထိရောက်မှု နည်းလို့  ပိုမိုထိရောက်တဲ့ RPG လက်နက် ဝယ်ယူနိုင်ရေး လုပ်ဆောင်နေတာပါ”လို့ ပြောပါတယ်။

အခုအချိန်ထိ ပြည်သူတွေရဲ့ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ ကျော် ရရှိထားပြီး အလှူငွေ ထပ်မံ လိုအပ်နေတာကြောင့် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ သူက ဆက်ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ မကြာခဏ စစ်ကြောင်းထိုးနေပြီး  သတ်ဖြတ်မှုကြောင့် ဒေသခံတွေ အသက်ဆုံးရှုံးခဲ့တာတွေ ရှိသလို  မီးရှို့မှုကြောင့် နေအိမ် ၁,၀၀၀ ကျော် မီးလောင် ပြာကျ ခဲ့ရပြီး စစ်ဘေးသင့်ပြည်သူ ၂၀,၀၀၀ ဝန်းကျင်လောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013