
ကချင်ပြည်နယ်ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်က ဆွမ်ပီယန်ရွာအလွန် မိုင်တိုင်အမှတ် ၁၇၂ မှာရှိတဲ့ ဆင်နီခ ကွန်ဂရစ်တံတားဟာ ဒီနေ့ဩဂုတ် ၁၃ ရက် မနက် ၁ နာရီက မိုးသည်းထန်စွာ ရွာပြီး ချောင်းရေတိုက်စားမှုကြောင့် တံတားပျက်စီးခဲ့ပြီး ခရီးသွားတွေ အခက်တွေ့နေတယ်လို့ ဆွမ်ပီယန်ရွာခံ တဦးက ပြောပါတယ်။
"မနေ့ ည ၁ နာရီလောက် မိုးအဆက်မပြတ် ရွာတော့ ချောင်းရေကြီးပြီး ရေတိုက်စားသွားလို့ တံတား ပျက်စီးသွားတာ။ ဒီမနက် ၁၀ နာရီခွဲထိ မပြင်သေးဘူး။ ဆောက်လုပ်ရေးတာ၀န်ရှိသူတွေ လာမယ်လို့တော့ ပြောတယ်။ ပူတာအိုဘက်က ခရီးသည်ကားတွေ ဆွမ်ပီယန်ရွာမှာ သောင်တင် နေတယ်”
ပူတာအိုမြို့မှာ ဩဂုတ်လအတွင်း ကုန်ပစ္စည်း ဈေးအဆမတန်မြင့် တက်နေပြီး ဓာတ်ဆီလည်း မရောင်းပေးတော့ ဘူးလို့ ပူတာအိုမြို့ခံ တဦးကလည်း ပြောပါတယ်။
"ဓာတ်ဆီက လုံး၀ မရောင်းပေး တော့ဘူး။ ခလေးတွေ ကျောင်းအကြို အပို့အတွက် ဓာတ်ဆီ မတတ်နိုင်တော့ အခက်တွေ့တယ်။ စားဆီဆိုလည်း အရင်တလောက ၁ဗူးကို ၇၀၀၀ကျပ်နဲ့ ၀ယ်ခဲ့တာ ခု ၁ သောင်းကျော်ပြီ။"
ပူတာအို-မြစ်ကြီးနားကားလမ်းတလျောက် စစ်ကောင်စီနဲ့ ကေအိုင်အေတို့ကြား စစ်ရေး တင်းမာနေလို့ ပူတာအိုမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာ ပါတယ်။