DVB Logo
Home
မြန်မာသတင်း
ဂျပန်လွှတ်တော်အမတ် ဦးဆောင်သည့်အဖွဲ့ အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံမှု နွေဦးတော်လှန်ရေးအင်အားစုများ ကန့်ကွက်
DVB
·
August 12, 2022
ဂျပန်လွှတ်တော်အမတ် ဦးဆောင်သည့်အဖွဲ့ အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံမှု နွေဦးတော်လှန်ရေးအင်အားစုများ ကန့်ကွက်
1 / 2
Donate to DVB

အာဏာရ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်တဲ့အဖွဲ့က အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်နဲ့ ဩဂုတ် ၁၁ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အပေါ် နွေဦးတော်လှန်ရေးအင်အားစုတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ 

ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ချစ်ကြည်မှုနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလိုသွားရောက်တွေ့ဆုံခဲ့တဲ့အပေါ် ဂျပန်နိုင်ငံ နွေဦးတော်လှန်ရေးအင်အားစုတွေက ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ရှုတ်ချကြောင်းနဲ့ အဆိုပါခရီးစဉ်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရကို ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရှိရပါတယ်။

ဂျပန်မှာ မြန်မာအရေးဆောင်ရွက်နေတဲ့ ဦးမြင့်ဆွေက “ကျနော့်အနေနဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး သုံးသပ်ရရင် နောက်ကွယ်မှာ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ မစ္စတာဝါတနဘဲနဲ့ Japan foundation က မစ္စတာဆဆကဝ တို့ရှိမယ်လို့ ယူဆရပါတယ်။ သူတို့ကိုယ်တိုင် မသွားဘဲနဲ့ အခုကိုယ်စားလှယ်အဖွဲ့ လွှတ်လိုက်တာလို့ အချက် ၂ ချက်နဲ့ ယူဆမိပါတယ်။ ပထမအချက်က ဂျပန်သတင်းထောက် မစ္စတာခုဘိုဒ လွတ်မြောက်ရေးအတွက် အပေးအယူ သွားညှိနှိုင်းတာ ဖြစ်နိုင်သလို ဒုတိယအချက်က နိုင်ငံတကာက လျစ်လျူရှုခံထားရတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်စတင်မယ်လို့ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုလိုက်တာဟာ သွေးတိုးစမ်းတာလို့ သုံးသပ်ထင်မြင်မိတယ်” လို့ ဒီဗွီဘီကို သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဂျပန်အစိုးရက ၁၉၈၉ ခုနှစ်တုန်းကလည်း ဂျပန်ဧကရာဇ်စျာပနမှာ အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်ဖိတ်ပြီး အသိအမှတ်ပြု ဆက်ဆံခဲ့သလို ၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံရဲ့ ပထမဆုံးအနေနဲ့ သွားရောက်ခဲ့တဲ့ အာဏာရပါတီရဲ့ အဆင့်မြင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့လည်း ဖြစ်ပါတယ်။

“မြန်မာပြည်သူတွေရဲ့ မျက်နှာမထောက် သွေးစွန်းပြီး နေ့စဉ် ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို သွားတွေ့ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်စမယ်လို့ ဆွေးနွေးတာ အရမ်းအံအားသင့်မိတယ်။ ဒါကြောင့် အခုခရီးစဉ်အတွက်ရော နောက်ဂျပန်အစိုးရအနေနဲ့ အိုဒီအေ ပြန်စမယ့် အရိပ်အယောင်တွေ တွေ့နေလို့ ဂျပန်အစိုးရကို အိုဒီအေ ရပ်ဆိုင်းရေးအပါအဝင် စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်ရောက် ကျနော်တို့ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပြီး တောင်းဆိုဆန္ဒပြပွဲတွေကို လုပ်ဆောင်သွားမယ်” လို့ ဂျပန်မှာ နွေဦးတော်လှန်ရေးလှုပ်ရှားနေသူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။

ဩဂုတ် ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ အဆိုပါခရီးမှာ ဩဇာကြီးတဲ့ ဂျပန်အောက်လွှတ်တော်ရဲ့ လွှတ်တော်အမတ်နဲ့ အစိုးရဝန်ကြီးဟောင်းတဦးလည်းဖြစ်တဲ့ Mr. Hiromichi Watanabe ဦးဆောင်တဲ့ ဂျပန်လွှတ်တော်အမတ်အဖွဲ့နဲ့အတူ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ Mr. Fumio Usui လည်း အတူလိုက်ပါခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013