DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိပြီး မီးလောင်မှုကြောင့် လူ ၁၂ ဦးသေဆုံး
DVB
·
April 12, 2014
ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိပြီး မီးလောင်မှုကြောင့် လူ ၁၂ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်အချိန်လောက်က ခရီးသည်တင်ယာဉ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ တိုက်မိရာက မော်တော်ယာဉ် ၂ စီးလုံး မီးလောင်ကျွမ်းပြီး ယာဉ် ၂ စီးမှာ လိုက်ပါစီးနင်းလာသူ ၁၂  ဦး သေဆုံးသွားပါတယ်။

image-caba28a655a9860d628c7e8cd55875e9b761820a033d68da50d8a2b5a3c61d53-Vတောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်တင်ကား ၅ဃ/ ၈၂၅၆ နဲ့ အိမ်စီးကား 9A-9302 တို့ဟာ ပဲခူးတိုင်းအတွင်း မိုင်တိုင်အမှတ် ၁၁၆/၂ နဲ့ ၁၁၆/၃ တို့အကြားမှာ ချိတ်မိရာက ခရီးသည်တင်ကားကြီးအောက် အိမ်စီးကား ရောက်သွားပြီး ကား ၂ စီးလုံး မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။

တောင်ပြာတန်း ခရီးသည်တင်ကားပေါ်ပါသူ ၆ ယောက်နဲ့ အိမ်စီးကားပေါ်ပါသူ ကလေးတဦးအပါအ၀င်  ၆  ယောက် စုစုပေါင်း ၁၂  ယောက် သေဆုံးသွားကြတာပါ။

တောင်ပြာတန်း ခရီးသည်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရသူ ၄ ဦး ဖြစ်တဲ့ မသန်းသန်းဝင်း၊ မခင်စန်းဝေ၊ ကိုအောင်မင်းသိန်းနဲ့ ဦးသက်လှိုင်ထွန်းတို့ကို ဖြူးးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013