DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
August 10, 2022
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့  ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း -၉ တို့ကြား ဩဂုတ် ၁ ရက်စတင် တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ  စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF က ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီးမောဆိုမြို့နယ် အရှ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့  မြေပြင်ကရော လေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့  ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း ထိရောက်စွာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားခဲ့တာလို့  KNDF တပ်ရင်း -၉  တာဝန်ရှိသူ တဦးက ပြောပါတယ်။

တိုက်ပွဲအပြီး ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း -၉ က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းနဲ့ ဆေးဝါးပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ကရင်နီအမျိုးသားကာကွယ်ရေး KNDF တပ်ရင်-၉ မှ ရဲဘော် ၃ ယောက် ဒဏ်ရာ ( မစိုးရိမ်) ရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီလောက်ကလည်း ဒီးမောဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားပြီး အမျိုးသမီးငယ်တယောက်  ထိခိုက်ဒဏ်ရာရသွားပါတယ်။

Photo-KNDF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013