DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အဆင့် အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကုလနဲ့ အိုင်အန်ဂျီအိုရုံးတွေ ပြန်ဖွင့်ဖို့လုပ်
DVB
·
April 11, 2014
နိုင်ငံတော်အဆင့် အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကုလနဲ့ အိုင်အန်ဂျီအိုရုံးတွေ ပြန်ဖွင့်ဖို့လုပ်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပိတ်ထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ရုံးတွေ မကြာမီ ပြန်ဖွင့်ရေးကိစ္စကို နိုင်ငံတော် အဆင့်ဖွဲ့စည်းထားတဲ့ အဖွဲ့က တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုရုံးတွေကို ဒီလအတွင်း ပြန်ဖွင့်ဖို့အတွက် နိုင်ငံတော်အဆင့် အရေးပေါ်ညှိနှိုင်းရေး ဗဟိုဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်။

[caption id="attachment_53970" align="alignright" width="300"]မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung) မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung)[/caption]စစ်တွေမြို့မှာ ရောက်ရှိနေတဲ့ နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဧပြီလ ၁၀ ရက်နေ့က မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ မြို့ခံ ဦးသန်းထွန်းက ပြောပါတယ်။

“အရင်တုန်းကတော့ ပြည်နယ်အဆင့် အခုကတော့ နိုင်ငံတော်အဆင့်အထိ ဖွဲ့တော့ အဲဒီ ယူအန် အိုင်အန်ဂျီအိုတွေ အလုပ်လုပ်မယ့်ကိစ္စကို အီးစီ အစည်းအဝေးမှာပဲ ဆုံးဖြတ်မယ်။ ဒါလုပ်သင့်တယ် မလုပ်သင့်ဘူး ဆုံးဖြတ်မယ်။ ဘယ်လောက် အတိုင်းအတာ အထိ လုပ်မယ်။ ရခိုင်တိုင်းရင်းသားတွေ ဘက်က လက်ခံနိုင် မလက်ခံနိုင်ဘူး စဉ်းစားမယ်။ အဲဒါပြီးတော့မှ ယူအန် အိုင်အန်ဂျီအိုတွေက အလုပ်လုပ်မယ်။ ဒါပါပဲ။”

အရေးပေါ် ညှိနှိုင်းရေး ဗဟိုဌာနကို အရင် ပြည်နယ်အဆင့် ဖွဲ့စည်းထားရာကနေ အခု နိုင်ငံတော်အဆင့် တိုးမြှင့်ဖွဲ့စည်းမှာ ဖြစ်ပြီး အဖွဲ့ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အတွင်းရေးမှူး နယ်စပ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်နဲ့ တွဲဘက်အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်တို့ ပါဝင်မှာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စုဒုဝန်ကြီးတွေနဲ့ မြို့မိမြို့ဖတွေ ပါဝင်ကြပြီး ဒီအဖွဲ့ရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်နဲ့ ကုလအပါအ၀င် အိုင်အန်ဂျီအိုအဖွဲ့ရုံးတွေ ပြန်ဖွင့်ကြရမှာဖြစ်ပါတယ်။

စစ်တွေမြို့မှာ ကုလနဲ့ အိုင်အန်ဂျီအိုအဖွဲ့ရုံးတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရတို့က သမ္မတဦးသိန်းစိန်ကို ဖိအားပေး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ညနဲ့ ၂၇ ရက်တို့မှာ ဒေသခံတချို့ရဲ့ အကြမ်းဖက် ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုအဖွဲ့တိုရဲ့ ရုံးအဆောက်အဦတွေ ပျက်စီးခဲ့ပြီး နိုင်ငံခြားသားဝန်ထမ်းတွေလည်း ဒေသကို စွန့်ခွာခဲ့ကြရပါတယ်။

အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ ဒေသခံတိုင်းရင်းသားအချို့ရဲ့ ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့ အစည်း ၁၈ ဖွဲ့တို့ရဲ့ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ်၁၄ စီး၊ ရေယာဉ် နှစ်စင်း၊ မော်တော် ဆိုင်ကယ်၂၉ စီးနှင့် ရုံးသုံး ပစ္စည်းများ ခန့်မှန်းတန်ဖိုး ငွေကျပ်သန်း ၄၃၀ ခန့်၊ အမေရိကန် ဒေါ်လာ ၄၃၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013