DVB Logo
Home
Lead Story
ပြောင်းလဲသွားတဲ့ မြန်မာ့ရိုးရာသင်္ကြန်
DVB
·
April 11, 2014
ပြောင်းလဲသွားတဲ့ မြန်မာ့ရိုးရာသင်္ကြန်
Donate to DVB

တနှစ်ထက်တနှစ် ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ တစတစပျောက်ဆုံးလာတဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန်နဲ့ပတ်သက်ပြီး စာရေးဆရာ၊ ဆရာမတွေနဲ့ အနုပညာရှင်တချို့က ပြောဆိုလိုက်ပါတယ်။

အတာသင်္ကြန် ရိုးရာယဉ်ကျေးမှုတွေ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး သီပေါမင်း မြစ်တော်စပ်သူ စာရေးဆရာမ ဒေါ်ဒေ၀ီသန့်စင်က “တနှစ်မှာ ကိုယ်အမှားတွေ လုပ်ခဲ့တာကို ရေနဲ့ သန့်စင်တဲ့အနေနဲ့ သပြေခတ်ကလေးနဲ့ ဖလားနဲ့ တော်ရုံစွတ်ရုံ အဲဒီလောက်တွေ လုပ်လာတာလေ။ ဒီဟာက တဖြေးဖြေးနဲ့ ၂၀ ရာစု ဒီဘက်ကိုလည်း ရောက်ရော။ ယဉ်ကျေးမှုလည်းပျောက်သွားတယ်။ အတာဆိုတဲ့ အနှစ်သာရလည်း ပျောက်သွားတယ်။ ၀တ်စားဆင်ယင်မှုကအစ ထုံးတမ်းစဉ်လာတွေလည်း ဘာမှ မကျန်တော့ဘူး။ အဲဒီတော့ လူကြီးတွေလည်း မဏ္ဍပ်ထဲမှာ နိုင်ငံခြားရေးရုံး အထူးသဖြင့် ထိန်းသိမ်းထားတာဆိုလို့ ရှေးယဉ်ကျေးမှုဟာ သံတမန်တွေကို ရေးလောင်းတဲ့အခါမှာပဲ တွေ့ရတော့တယ်။ တကယ့် ပြည်သူလူထုအနေနဲ့ အထူးသဖြင့် လူငယ်တွေမှာဆိုရင် အတာရဲ့ အနှစ်သာရ ယဉ်ကျေးမှုကို လုံးဝကို မသိတော့ဘူး။ အဲဒါဝမ်းနည်းဖို့ ကောင်းတယ်။”လို့ ပြောပါတယ်။

SONY DSCတကယ်တော့ သင်္ကြန်ယဉ်ကျေးမှုဟာ ဟိန္ဒူတွေ့ရဲ့ ယဉ်ကျေးမှုက ဆင်းသက်လာတာဖြစ်ပြီး ပုဂံခေတ်၊ သရေခေတ္တရာခေတ်လောက်ထဲက နှစ်သစ်တနှစ်ကို ကူးပြောင်းတဲ့ အချိန် အခါသမယမှာ နှစ်ဟောင်းက အညစ်ကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောတဲ့အနေနဲ့ သတ်မှတ် ကျင်းပလာတာဖြစ်ပါတယ်။

တချိန်က မြန်မာရိုးရာသင်္ကြန်မှာ သပြေခတ်နဲ့ရေပတ်တဲ့ ဓလေ့စရိုက်တွေ့ဟာ ခေတ်ရေစီးကြောင်း ပြောင်းလဲလာပြီး ခုခေတ်မှာတော့ ဆေးမင်ကြောင်သင်္ကြန်မဏ္ဍပ်၊ အနောက်တိုင်း တေးသွား၊ မလုံတစ်လုံ အ၀တ်အစားနဲ့ မူးယစ်လူငယ်တွေဆိုတာ သင်္ကြန်ရဲ့ ပြယုဂ်သဖွယ်ဖြစ်လာနေပါပြီ။

ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်ကတော့ လူငယ်တွေဟာ သင်္ကြန်ကို အလွန်အကျွံ ဝတ်စားဆင်ယင်မှုကို ထုတ်ဖော်ပြဖို့ အချိန် တခုလို့ မှတ်ယူနေကြတယ်လို့ ပြောပါတယ်။
“သင်္ကြန်ဆိုတာတော့ နှစ်တိုင်း နှစ်တိုင်းရှိတာပဲ။ မျိုးဆက်သစ်တိုင်းက ပျော်ကြတာပဲ။ ကျမတို့ခေတ်နဲ့ ဒီခေတ်နဲ့က ကွာတယ်လို့ ပြောလို့ရပါတယ်။ တန်ဖိုးထားမှုကချင်းက ကွာကြတာကိုး။ ကျမတို့တုန်းက ဒါဟာ ရိုးရာယဉ်ကျေးမှုတခုအနေနဲ့ တန်ဖိုးထားတယ်လေ။ အခုခေတ်ပိုင်းမှာ ဒါတွေဟာ လွတ်လပ်စွာပျော်ရွှင်နိုင်တဲ့ နေရာတနေရာ၊ အချိန်တခုလို့ သတ်မှတ်လိုက်တာကိုး။ အရင်တုန်းကတော့ လူငယ်လေးတွေလည်း ပါတယ်၊ လူကြီးတွေလည်း ပါတယ်။ လူကြီးတွေက အလှူအတန်းတို့ ကုသိုလ်ကောင်းမှုတို့ ဘာတို့ အဲဒါတွေ လုပ်တဲ့နေရမှာ အားစိုက်ကြတယ်။ လူငယ်လေးတွေ ကိုယ်တိုင်လည်း အဲဒီအထဲမှာ ပါကြတာပေါ့နော်။ အပျော်အနေနဲ့ ရေပက်တာတို့ သီချင်းဆိုတာတို့တော့ ရှိတာပေါ့။ ဒါပေမယ့် အခုအချိန်မှာ အရင်တုန်းက ယဉ်ကျေးမှု အဟောင်းကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ မသိနိုင်ပဲနဲ့ ယဉ်ကျေးမှု အသစ်တွေကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနေရတဲ့အခါကြတော့ လူငယ်လေးတွေမှာ ပိုပြီး အပျောက်ဖက်ကို များနေတယ်လို့ ကျမ ထင်ပါတယ်။”

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ့ရဲ့ သရုပ်ပျက် သင်္ကြန်ဖက်ရှင်တွေ့ကြောင့်လည်း လူငယ်တွေ့ စိတ်ထဲမှာ သင်္ကြန်ဟာ လွတ်လပ်စွာ ဝတ်စားဆင်ယင်နိုင်တဲ့ ပွဲတော်တခုအဖြစ် ထင်မှတ်လာတာ လည်း ဖြစ်နိုင်ပါတယ်။ သင်္ကြန်ဟာ ရိုးရာဓလေ့တွေ့ပျောက်ဆုံးနေပြီး လူငယ်တွေ့ရဲ့စိတ်မှာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ထက် ပျော်ရွှင်ဖို့သက်သက်သာ အာရုံစိုက်နေတာ တွေ့ရပါတယ်။

ဒါပေမယ့် ရိုးရာအမွေကို တဖတ်တလမ်းက ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့ လူငယ်တချို့ကတော့ ရှိနေပါတယ်။

စာရေး ဆရာချစ်စံဝင်းကတော့ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ့ဟာ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို လာရောက်လည်ပတ် မှုတွေ့ဟာများလာတဲ့အတွက် သရုပ်ပျက်ယဉ်ကျေးမှု တွေ့ကို မလုပ်ဖို့နဲ့ ယဉ်ကျေးမှုအမွေနှစ်ကို ထိန်းသိမ်းဖို့လိုတယ်လို့ ပြောပါတယ်။

“အဲဒီတော့ ကျနော်တို့ မြန်မာမှုလေးတွေက သင်္ကြန်ပြီးတဲ့အခါမှာ လူကြီးမိဘတွေ လိုက်ကန်တော့တာတို့ လူကြီးမိဘတွေရဲ့ အဆုံးအမတွေကို ခံယူတာတို့ နောက်ပြီးတော့ မြတ်စွာဘုရားကို ရည်မှန်းပြီေးတာ့ ပူဇော်တာတို့ ဒါလေးတွေလည်း ရှိတယ်၊ အဲဒါတွေက ကောင်းပါတယ်။ ဒါပေမယ့် တရားလွန်ပေါ့လေ သရုပ်ပျက်လောက်အောင် ရေပက်တာ ရေကစားတာတွေက တနှစ်နဲ့တနှစ် များလာတယ်။ ဒီနှစ်ဆိုရင် အင်းလျားကန်တလျှောက်မှာ မဏ္ဍပ်ကြီးတွေဆို ကြောက်စရာတောင် ကောင်းတယ်။ ကမ္ဘာအေး ဘုရားလမ်း နောက် တက္ကသိုလ် ရိပ်သာလမ်းတို့မှာလည်း ကစားကြတယ်။ အားလုံး ဒီမှာ ကစားကြတာလည်း ကျနော်တို့ အဲဒီလို ကစားတဲ့အခါမှာ အိမ်နီးနားချင်း နိုင်ငံတွေကလည်း သင်္ကြန်မှာ လာပြီး ကစားကြတယ်။ ဆိုတဲ့အခါကြတော့ ဒီကစားပွဲဟာ ကျနော်တို့အတွက် ဂုဏ်ယူစရာကောင်းတဲ့ ပွဲတပွဲဖြစ်တာ အမှန်ပဲ။ အခုကျင်းပနေတဲ့ သင်္ကြန်ကတော့ ကျနော်တို့ ရိုးရာသင်္ကြန်တော့ မဟုတ်ဘူး။ ကျနော်တို့ ရိုးရာသင်္ကြန်က အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ ရေပက်ပြီးတော့ အဓိပ္ပါယ်အများကြီးနဲ့ ပြုလုပ်တဲ့အတွက် အဲဒါတွေ ကျနော်တို့ တဖြေးဖြေး ထိန်းသိမ်းနိုင်ရင် ကောင်းပါတယ်။”

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ မြို့ကြီးတွေမှာ ရိုးရာဓလေ့တွေ ပျောက်ကွယ် သွားပေမယ့် ကျေးလက်ဒေသတွေ့မှာတော့ စတုဒီသာကျွေးတာ၊ လူကြီးသူမတွေကို ခေါင်းလျှော် လက်သည်း ညှပ်ပေးတာ၊ သတ္တ၀ါတွေကို ဘေးမဲ့ပေးတာ စတဲ့ မြန်မာရိုးရာချစ်စရာ သင်္ကြန်ဓလေ့ အငွေ့အသက်လေးတွေ ကျန်နေသေးပါတယ်။

တကယ်တော့ ရိုးရာပျောက်ရင် လူမျိုးပါပျောက်မှာကြောင့် ကျမတို့ရဲ့ ဘိုးဘွားတွေ အဆက်ဆက် ရှေးရိုးရာမပျက် ထိန်းသိမ်းကျင်းပခဲ့တဲ့ မြန်မာတို့ရဲ့သင်္ကြန်မှာ မြန်မာ့ဟန်မြန်မာ့ဓလေ့တွေ ကွယ်ပျောက် မသွားစေဖို့ အမြတ်တနိုးထိန်းသိမ်းကြရဖို့က အားလုံးရဲ့ တာဝန်ပဲ မဟုတ်ပါလား။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013