DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မြန်မာဒုက္ခသည်များအရေး မလေးရှားနိုင်ငံခြားရေးဌာနထံ NUG မေတ္တာရပ်ခံ
DVB
·
August 10, 2022
ဖမ်းဆီးခံ မြန်မာဒုက္ခသည်များအရေး မလေးရှားနိုင်ငံခြားရေးဌာနထံ NUG  မေတ္တာရပ်ခံ
Donate to DVB

မလေးရှားနိုင်ငံမှာ ဩဂုတ် ၉ ရက်မနက်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေအရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဆီ မေတ္တာ ရပ်ခံစာပေးပို့ထားတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ ဖမ်းဆီးမှုမှာတော့ မလေးရှားနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁၇၀ ကျော်ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဦးဆောင်စီးနင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကနဦး သိရှိရပြီး နေရပ်ပြန်ပို့ခံရမယ့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အချိန်နဲ့တပြေးညီ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံသူပေါင်း ၁၈၁,၀၀၀ ကို လက်ခံထားပြီး အဲဒီထဲက ၈၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံကဖြစ်ကာ ရိုဟင်ဂျာဒုက္ခသည် ၁၀၃,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားအလုပ်သမား ၂ သန်းကျော်လောက်ရှိနေပြီး မြန်မာအလုပ်သမား အရေအတွက်ဟာလည်း သိန်းနဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး အဲဒီထဲမှာ တရားမဝင် နေထိုင်လုပ်ကိုင်နေရ သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013