DVB Logo
Home
မြန်မာသတင်း
မြေသိမ်းခံရတဲ့ ကချင်တောင်သူတွေ တရားရင်ဆိုင်နေရ
DVB
·
April 11, 2014
မြေသိမ်းခံရတဲ့  ကချင်တောင်သူတွေ တရားရင်ဆိုင်နေရ
Donate to DVB

ကချင်ပြည်နယ်က လယ်ယာတွေပေါ်မှာ နှစ်ပေါင်း ကြာရှည် ဓားမဦးချ လုပ်ကိုင် စားသောက်လာတဲ့ တောင်သူလယ်သမားတွေဟာ လယ်ယာမြေအတွက် မြေရှင်ကြေးရှင်တွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။

မြေလွတ်မြေလပ်နဲ့ မြေရိုင်းဥပဒေ ပေါ်ထွက်လာပြီးတဲ့နောက်ပိုင်း စီးပွားရေး လုပ်ငန်းရှင် တွေက မြေယာတွေ အမြောက်အမြား လိုက်လံရယူတဲ့အတွက် ကချင်ပြည်နယ်က လယ်ယာမြေတွေအပေါ်မှာ နှစ်ပေါင်းများစွာ ဓားမဦးချလုပ်ကိုင် ဆောင်ရွက်ခဲ့တဲ့ တောင်သူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တရားစွဲဆိုတာကို ခံနေရတယ်လို့ မြစ်ကြီးနား တရားရုံးမှာ တောင်သူ ၁၀ဦးဘက်က ရှေ့နေ ဆောင်ရွက်ပေးနေတဲ့ ဦးမာခါးက ပြောပါတယ်။

[caption id="attachment_54786" align="alignright" width="300"]ကချင်တောင်ပေါ်စိုက်ခင်း တခုအား တွေ့မြင်ရစဉ် ကချင်တောင်ပေါ်စိုက်ခင်း တခုအား တွေ့မြင်ရစဉ်[/caption]တောင်သူတွေ ပိုင်ဆိုင်တဲ့ မြေယာတွေဟာ အသိမ်းခံရတဲ့အပြင် ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တောင်သူ ၅၀ ၀န်းကျင်လောက် မြစ်ကြီးနားမှာ ရှိနေတယ်လို့ ဦးမာခါးက ပြောပါတယ်။

“ပိုက်ဆံ ရှိတဲ့ သူတွေက မြေလွတ်မြေရိုင်းတွေ လျှောက်ယူတာပေါ့။ တောင်သူတွေရဲ့ မြေတွေလည်း ပါသွားတာပေါ့။ တောင်သူတွေဆိုတာက အဲဒီလောက်အထိ ဥပဒေမှ နားမလည်တာ အရင်တုန်းကဆိုရင် ဓားမဦးချ လုပ်တာပဲရှိတယ်။ အရင်တုန်းက လယ်ယာမြေဆိုလည်း ဘယ်သူမှ လုပ်ပိုင်ခွင့် ပေးတာမရှိဘူးလေ။ လျှောက်တော့ လျှောက်ခဲ့ဘူးတယ် ဒါပေမယ့် မရခဲ့ဘူးပေါ့။ မြေဆွဲတဲ့လူက ပိုက်ဆံရှိတယ်။ ပိုက်ဆံရှိတော့ မြေဧက ၄၉၇ လောက်ကို ဆွဲတယ်။ အခုတောင်သူတွေရဲ့ နေရာတွေလည်း မလိမ့်တပတ် လုပ်ပြီးတော့မှ ယူသွားတာပေါ့။ ယူသွားတယ်ဆိုတာ တောင်သူရဲ့ မြေဘေးမှာ မြောင်းတွေတူးတယ်။ မင်းတို့ တောင်သူရဲ့မြေကို မထိဘူးဆိုပြီး မလိမ့်တပတ်နဲ့ မြောင်းတူးတယ်။ နောက်တော့ မြောင်းတူးနောက်ပိုင်း ဒါငါ့နေရာဆိုပြီးတော့ ယူသွားတာပေါ့။”

တချို့အမှုတွေက တရားရုံးကို မတင်ဘဲ လွှတ်တော်အထိ တင်ထားတဲ့ ဖြစ်စဉ်တွေ ရှိနေတယ် လို့လည်း သူက ပြောပါတယ်။

တောင်သူတွေကိုတော့ အာမခံနဲ့ လွှတ်ထားသလို သင်္ကြန်ပြီးတာနဲ့ တရားလိုကို စတင် စစ်ဆေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတ၀န်းမှာ လယ်သိမ်း ယာသိမ်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013